ဖြစ်မယ်၊ ပျက်မယ် လွယ်လွယ်လေးပေါ့
ကမ္ဘာမြေ တည်ဆောက်၊
ဖြိုဖျက် နှုတ်ကပတ်စကားတော်
နှလုံးသားက အဖြေပေါ်တော့ sorry ပါ သခင် . . . ။
လိုချင်တာတစ်ခု၊ရခဲ့တာက တစ်ခု
ကိုဗစ် (Covid) က ကျော်ကြား
ကျွန်ုပ် ယုံမှားခဲ့တာလား သခင်
ကျောက်နှလုံးသားတွေ၊ အသားနှလုံးမဖြစ်
ယုံမှားခြင်း ကင်းတဲ့အခါ
Covidက ကပ်ဘေးအသစ်တဲ့
လက်ခံဆွေးနွေးကာကွယ်နေကြတဲ့ ကမ္ဘာ
ခပ်ခွာခွာ နေခဲ့ရတော့
နှုတ်ကပတ်တော်နဲ့ဝေး
တကယ်ဆို ပိုပြီး နီးစေဖို့အချိန်
Home Stay မှာ ထိတ်လန့် တိတ်တိတ်လေး
တံခါးပိတ်ပြီး နေခဲ့ရတယ်လေ။
သူသူ၊ ငါငါ၊
အသစ်ပြင်ဆင်ခြင်းတရားမှာ
ထလော့၊ နိုးလော့ 。。 。
ရောင်ခြည်သစ်ဆိုတာ
သခင် ခွန်အားဆိုတာ
သခင် ကာကွယ်ခြင်းနဲ့
ကယ်တင်ခြင်းကလည်း
သခင် ဖြစ်၊ ပျက်၊ တည်ဆောက်၊
ဖြိုချ နှုတ်ကပတ်တော်ကို ယုံရင်
သင် … ဘယ်ထဲမှာ ပါချင်လဲ . . . မိတ်ဆွေ
ချစ်စမ်းမောင်(ကဗျာ)