ရှုပ်ထွေးပွေလီ ဤလောကဝယ်

ကျင်လည်လှုပ်ရှား လူ့ဝန်းကျင်မှာ

မေတ္တာခေါင်းပါး ချစ်ခြင်းတရား

ဤလောကဓံ မခံနိုင်လို့ အားငယ်စိတ်ပျက် မောပန်းနေချိန် အားအင်သစ်ကို

စုစည်းနိုင်ဖို့ ခွန်အားပေးပါ သခင်။

လောကရမ္မက် လောဘတွေကြောင့်

မေတ္တာကွယ်ပျောက် မြေတခွင်မှာ

အပြစ်နဲ့သာ အချိန်ကုန်၏။

သခင့်ကျေးဇူး ချစ်ခြင်းတွေကြောင့်

ကျေးဇူးကာလ မကုန်ဆုံးခင် ပြုခဲ့အပြစ်

ထပ်မမှားဖို့ နောင်တရကာ

ကိုးစားနိုင်ဖို့ ခွန်အားပေးပါ သခင် . . . ။