ဖေဖေမေမေ၊ ရန်တွေဖြစ် သားသားမီးမီး၊
စိတ်တွေညစ်
တွန်းထိုးအော်ဟစ်၊ ဝစီပစ် သားသားမီးမီး၊
အဝေးလစ်ညနေ နေဝင်၊ ပြန်လာရစ်
အဟောင်းပြန်သစ်၊ သံကုန်ဟစ်ဖေဖေမေမေ၊
ပေါက်ကွဲနေ အခက်တွေ့ပေ၊ ရင်သွေးတွေ
ပျော်ရွှင်မှုကင်း၊ စစ်တလင်း ကြင်နာကင်းမဲ့၊ အနေခက်လှောင်ပိတ်မွန်းကျပ်၊
ဘဝမှာ ထွက်ပေါက်ကိုရှာ၊ ဖြေမပါ၊ ထင်ရာကိုစိုင်း၊
စိတ်ရိုင်းမြစ်တွယ်
နှုတ်ရခက်ကွယ် ဘဝမြေစာတွေရယ်။