ဘဝမှာ မမေ့သင့်ဘူးဆိုတဲ့ အကြောင်းကို “Crash Landing On You” ဆိုသော Korea ဇာတ်လမ်းတွဲ လေးထဲမှာ ကြည့်ခဲ့မိပါတယ်။ ဇာတ် လမ်းထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ မင်း သမီး (Son Ye Jin) က “ဘဝမှာ လုံးဝ မမေ့သင့်တဲ့လူ (၃)မျိုး ရှိတယ်။

ဒုက္ခရောက်ချိန်မှာ ကူညီတဲ့သူ၊ ဒုက္ခရောက်ချိန် ပစ်ထားတဲ့သူ၊ ပြီးတော့ … ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့သူ .. ” ဟူ၍ ပြောခဲ့ပါတယ်။ .

ထိုသူတို့နှင့်ပတ်သက်ပြီး ရှင်လုကာခရစ်ဝင် ၁၀း ၃ဝ-၃၅ တွင် “ယေရှု က၊ လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့ သွားရာ ထားပြနှင့် တွေ့ကြုံရလေ၏။ ထားပြတို့သည် ထိုသူ၏အဝတ်ကို ချွတ်၍ နာကျင်စွာ ရိုက် နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍ သွားကြ၏။ ထိုလမ်းသို့ ‘ယဇ်ပုရော ဟိတ်’တစ်ယောက်သည် အမှတ်တမဲ့သွား၍ လူနာကိုမြင်လျှင် လွှဲရှောင်၍ သွားလေ

၏။ ထိုနည်းတူ ‘လေဝိ’လူတစ်ယောက်သည် ထိုအရပ်သို့ ရောက်သောအခါ၊ လာ၍ ကြည့်မြင်လျှင် လွှဲရှောင်၍ သွား လေ၏။ “ရှမာရိ’လူတစ်ယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာ သို့ရောက်၍ မြင်သောအခါ ကရုဏာစိတ်ရှိ သည်နှင့်၊ ချဉ်းကပ်၍ သူ၏ အနာများကို ဆီနှင့် စပျစ်ရည် ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်တင်၍ စရပ်တစ်ခုသို့ ဆောင်သွားပြုစုလေ၏။ နက်ဖြန်နေ့၌ ထွက် သွားသောအခါ၊ ဒေနာရီနှစ်ပြားကိုထုတ်၍ စရပ်ရှင်အားပေး လျက်၊ ဤသူကို ကြည့်ရှုပြုစုပါ။ ကုန်သမျှကို ငါပြန်လာသော အခါ ဆပ်ပေးမည်ဟု ဆို၏”ဟူ၍ ဖြစ်ပါတယ်။

ဖော်ပြပါ အကြောင်းအရာလေးကြောင့် စဉ်းစားမိ သည်မှာ၊ မိမိတို့ ဘဝတွင်လည်း ဒုက္ခရောက်အောင် လုပ်ခဲ့ တဲ့ ‘ဓါးပြ’လိုလူတွေ ရှိမယ်။ ထို့ပြင် ဒုက္ခရောက်ချိန် ပစ် ထားတတ်တဲ့ ‘ယဇ်ပုရောဟိတ်’နဲ့ ‘လေဝိ’လို လူတွေနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။ ထိုကဲ့သို့သော လူတွေကို မုန်းတီးမိ မည်သာ ဖြစ်ပါတယ်။ ထို့ပြင် ထိုသူတွေကို မမေ့ဘဲ အမြဲ သတိရလျက် မုန်းတီးနေသောစိတ်ပင် ဖြစ်ပါတယ်။ ထိုကဲ့ သို့သော စိတ်အခြေအနေကြောင့် “CLOY” ဇာတ်လမ်းထဲ မှာပင် မင်းသား (Hyun Bin) က “မမေ့ပါနဲ့ . .. မင်း ဘဝမှာ မမေ့သင့်တဲ့လူဆိုတာ … မင်းမုန်းတဲ့သူ မဟုတ် ဘဲ မင်းချစ်တဲ့သူတွေပဲ ဖြစ်သင့်တယ်။ မင်းနှလုံးသားထဲမှာ တစ်ယောက်ယောက်ကို မုန်းထားရင် …မင်းနှလုံးသားက အမာရွတ်ဖြစ်ပြီး နာကျင်နေရမယ်…မင်းရဲ့ အရှုံးပဲဖြစ် လိမ့်မယ်..မင်းက အခြားသူတွေထက် ပိုပြီး ရှုံးရတာကို မုန်းတာ သိပါတယ်။ ဒါဆိုရင် မင်းနှလုံးသားထဲမှာ ချစ်တဲ့သူ တွေကိုပဲ ထားပါ … ဒါမှပဲ မင်းကောင်းကောင်းစားပြီး အိပ်ပျော်မှာပါ”ဟူ၍ ပြောတာကို တွေ့ရပါတယ်။

ထို့ကြောင့် ကိုယ်ချစ်ရတဲ့ ‘မမေ့သင့်သူ”များကို နှလုံးသားထဲမှာ သိမ်းထားခြင်းဖြင့် ဘဝမှာ အကျိုးအမြတ် များ များစွာ ရရှိနိုင်ကြပါစေ။