ကျွန်တော် ကားမောင်းတတ်ပါတယ်။ ကိုယ်ပိုင်ကား လည်း ရှိတယ်။ ဒါပေမယ့် ခုချိန်မှာ ကားမမောင်းရဲတော့ဘူး။ ယာဉ်စည်းကမ်း နားမလည်လို့ပါ။ ကားလည်း တဖြည်းဖြည်း ပေါများလာပြီး မီးပွိုင့်မှာဆို တန်းစီနေရတယ်။ ကျွန်တော်က ကိုယ့်နည်းကိုယ့်ဟန်နှင့် ကားမောင်းတဲ့သူတွေလည်း အဲဒီ ထဲမှာပါမှာပေါ့နော်။ သူငယ်ချင်း ဆရာဝန်တစ်ယောက်က “ငါဆေးရုံ၊ ဆေးခန်းကို အချိန်မှန်မှန် ရောက်ချင်ပါတယ်။ မရဘူးဗျာ၊ မီးပွိုင့်မှာ အကြာကြီးရပ်နေရတယ်။ မြန်မြန်မောင်း လို့လည်း မရဘူးလေ။ ဒီကြားထဲမှာ ကားကို မောင်းရုံတင် မောင်းတတ်ပြီး ယာဉ်စည်းကမ်းနားမလည်တဲ့သူတွေက နောက်

ကနေ တကျီကျီနှင့် ဟွန်းတီးကြသေးတယ်။ စိတ်ရှည်မှနော် စိတ်ရှည်မှဖြစ်တာ။ ဒါ့ကြောင့် တိုက်ကြ၊ ခိုက်ကြ၊ လျော် ကြေး ဆောင်ကြရတယ်။ မလွယ်ဘူးနော်”လို့ ပြောဖူးတယ်။ အပြစ်သဘောလိုကြီးပဲ မြင်ရင်တော့ မှန်ပါတယ်။ …

ကျွန်တော်ကတော့ ဒီလို မမြင်ဘူး။ မီးပွိုင့်ကို ကျေး ဇူးတင်တယ်။ မီးပွိုင့်ဟာ ကျွန်တော်တို့အတွက် လုံခြုံရေး၊ လမ်းကြောင်းပြသူ ဖြစ်တယ်။ မီးပွိုင့်ရှိတာတောင် ယာဉ်တိုက် မှုက တစ်ပုံကြီး။ တိုက်ကြ။ ခိုက်ကြ၊ ဆေးရုံတက်ကြ၊ သေကြ တယ် မဟုတ်လား။ မီးပွိုင့်သာ မရှိရင်လေ မတွေးရဲ ဘူး။

အဲဒီလိုပဲ ကျွန်တော်တို့ အသက်တာမှာလည်း စည်း ကမ်းရှိဖို့ လိုတယ်။ ဘုရားသခင်က သားသမီးတို့ကို ချစ်တယ်။ မနာစေချင်ဘူး။ လမ်းမှားမရောက်အောင် အမြဲတမ်းပဲ ထိန်း နေတယ်။ အထိန်းခံရတဲ့ ကျွန်တော်တို့က နားမလည်ကြဘူး။ ညည်းတွားတတ်ကြတယ်။

လမ်းပြရှင်၊ သိုးထိန်း (မီးပွိုင့်)ကိုသာ ကြည့်ပါ။ မညည်းတွားပါနဲ့၊ နှစ်ဟောင်းတွေ ကုန်လွန်ပြီး နှစ်သစ်ကို ကူးဝင်လာနေကြတယ်။ Happy New year ဆိုပြီး အားပါး တရ နှုတ်ဆက်ကြတယ်။ အဲဒီအချိန်သမယဟာ ဘုရားသခင် ဆီမှရရှိတဲ့ ကောင်းချီးပဲ ဖြစ်ပါတယ်။ လောကကြီးဟာ ကျွန်တာ် တို့ သက်ရှင်လှုပ်ရှားဖို့ ဘုရားသခင် သတ်မှတ်တဲ့ နေရာဖြစ် တယ်။ လမ်းခရီးဟာ အင်မတန် ကြမ်းတမ်းတယ်။ တက်လိုက် ဆင်းလိုက်၊ ချော်လဲလိုက်၊ ပြန်ထလိုက်နဲ့ပေါ့။ ဒါ့ကြောင့် သတိ ထားရတယ်။ ကိုယ့်အလိုဆန္ဒကိုချည်းဘဲ မကြည့်ပါနဲ့။ မီးပွိုင့် ခရစ်တော်ရဲ့ အလိုတော် (လမ်းညွှန်မှု)ကိုပဲ ကြည့်ပါ။ မီးနီ (ဇာတိပကတိအကျင့်) က မိတ်ဆွေကို လမ်းမှန် ပို့ဆောင် နေပါတယ်။ မီးစိမ်း (အလိုတော်)နဲ့အညီ အသက်ရှင်ပါ။ ဇာတိ အကျင့် (မီးနီ)တွေ့ရင် လုံးဝ ရှေ့မလျှောက်ပါနဲ့။ အန္တရာယ်နဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

ဒီလမ်းဒီခရီး (နှစ်သစ်)မှာ မိတ်ဆွေ ဘာဖြစ်မလဲဆို တာ မိတ်ဆွေကိုယ်တိုင် မသိပါဘူး။ သိခွင့်လည်း မရှိပါဘူး။ ထို့ကြောင့် စာမေးပွဲအောင်တဲ့နှစ်၊ ရှုံးတဲ့နှစ်၊ ကျန်းမာရေး နိမ့်ကျတဲ့နှစ်၊ သေဆုံးတဲ့နှစ်၊ ချစ်သူနဲ့ ခွဲခွာရတဲ့နှစ်၊ စီးပွားရေး ကျဆင်းတဲ့နှစ် ဖြစ်နိုင်သလို၊ ပျော်ရွှင်အောင်မြင်တဲ့နှစ်၊ စီးပွား ရေး အောင်မြင် တိုးတက်တဲ့နှစ်၊ အသက်တာတိုးတက်တဲ့နှစ်၊ ဝိညာဉ်ကျန်းမာတဲ့နှစ်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီနှစ် သစ်မှာ ဘယ်လို သက်ရှင်လှုပ်ရှားရမယ်ဆိုတာကို ကျွန်တော် အကြံပေး နှိုးဆော်လိုက်ပါတယ်။ ယုံကြည်သူခရစ်ယာန်တစ်ဦး အနေနဲ့တော့ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ရမှာ ဖြစ်ပါ တယ်။

စိတ်ကို နှောင့်ယှက်စေတဲ့အရာနဲ့ ကြုံတွေ့တတ်မတရားတဲ့သူ၊ မနာလိုတဲ့သူ၊ ကဲ့ရဲ့တတ်တဲ့သူနဲ့ တစ်ခါတစ်ရံ ကြုံတဲ့အခါ၊ ဆာလံ ၃၇း ၁-၂ ကိုဖတ်ပါ အဖြေတွေ့ပါလိမ့်မယ်။

ပါတယ်။ အဲဒီအချိန်မှာ ကျမ်းစာကို ဖွင့်ပြီးရင် အမျက်မထွက် စေနှင့်။ ဒေါသစိတ်ကို စွန့်ပယ်လော့။ ပြစ်မှားစေခြင်းငှါ တိုက် တွန်းတတ်သောစိတ် မရှိပါစေနှင့်ဆိုတဲ့ သတိပေးချက်ကို တွေ့ ပါလိမ့်မယ်။ (ဆာလံ ၃၇း၈-၉)။

၃။ အားငယ်ပြီး အထီးကျန် ဘဝ၌ နေရတယ်လို့ ထင် နေပါသလား။ ခရစ်တော်က ကပ်ကမ္ဘာကုန်တဲ့အထိ မိတ်ဆွေ နဲ့ နေမယ်လို့ ကတိပေးပြီးပြီ။ “ငါသည် ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့်အတူ ရှိမည်။ (မဿဲ ၂၈း၂၀)။

၄။ အပါယ်ငရဲကို ကြောက်နေသလား။ ယုံကြည်သူခရစ် ယာန် ဘယ်တော့မှ ငရဲမကျပါဘူး။ “ငါ့ကို ယုံကြည်သောသူ သည် ထာဝရအသက်ကို ရ၏” (ယော ၆း၄၄)။

၅။ ဘုရားသခင်ဟာ ခဏခဏ ပြောင်းလဲတတ်တဲ့ ဘုရား မဟုတ်ပါဘူး။ မနေ့၊ ယနေ့၊ နောင်ကာလအတွက် အမြဲ ရှိနေပါတယ်။ အားမငယ်ပါနဲ့။ (ဟေဗြဲ ၁၃း၈)။

၆။ သင်ဘာလုပ်ရမလဲ။ ဘယ်လိုနေရမလဲ။ စားဝတ်နေ ရေးအတွက် ဘယ်လို ကြိုးစားရမလဲဆိုပြီး တွေးနေပါသလား။ ကိုယ်၏ အမှုအရာကို ဘုရားသခင်၌ အပ်လော့။ သို့ပြုလျှင် စီရင်တော်မူမည်။ (ဆာလံ ၃၇း၅)။

လောကမှာ တစ်ခုခု (သေခြင်းတရား အပါအဝင် နဲ့ ကြုံခဲ့ရင် ဘယ်လို ဖြေရှင်းရမလဲဆိုပြီး ပူပင်နေပါသလား။ ကျမ်းစာက အဖြေပေးပါတယ်။ ငါအမှန်အကန်ဆိုသည်ကား ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသော သူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ် စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက် သောသူဖြစ်၏။ (ယော ၅း၂၄)။ ငါ့ကို ယုံကြည်၍ အသက်ရှင်သောသူသည် သေခြင်းနှင့် အစဉ်ကင်းလွတ်ကြလိမ့်မည်။ (ယော ၁၁း၂၆)။ မိတ်ဆွေ – မီးပွိုင့်တည်းဟူသော ခရစ်တော်ရဲ့ အလို တော်အတိုင်း အသက်ရှင်ပါ။ မိမိအလိုဆန္ဒကို ဦးစား မပေးပါ နဲ့။ ၂၀၁ရ ခုနှစ်ဟာ အလိုတော်ကို ဝန်ခံတဲ့နှစ်၊ ကိုယ့်ဘဝကို ရောင့်ရဲတင်းတိမ်တဲ့နှစ်၊ ဇာတိပကတိအကျင့်ကို မုန်းပြီး ဝိညာဉ် ပကတိကို နှစ်သက်ပြီး ကျင့်သော နှစ်သစ် ဖြစ်စေပါ။ ထိုသို့ ဖြစ်နိုင်အောင် မီးပွိုင့်ပြတဲ့အတိုင်း သက်ရှင်လှုပ်ရှားကြပါစို့လား။