ပီမွန်သော်

မြို့ရွာအနှံ့ လှည့်လည်သွားလာပြီး

တရားစရပ်တွေမှာ သွန်သင်တယ်

နိုင်ငံတော် သတင်းကောင်းပြောတယ်

ရောဂါဝေဒနာအမျိုးမျိုးကို ကုသပေးတယ်

လူတစ်မျိုးနဲ့တစ်မျိုး တစ်နိုင်ငံနဲ့တစ်နိုင်ငံ

တိုက်ခိုက်ကြလိမ့်မယ် အစာခေါင်းပါးတာ

ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ

ဖြစ်လိမ့်မယ် ပြီးမှ အဆုံးရောက်လာလိမ့်မယ်။

ငလျင်လာတယ် စစ်ပွဲတွေ လာတယ်

ဝူဟန်ဗိုင်းရပ်စ်လာတယ် ပြီးမှ

အဆုံးရောက်လာလိမ့်မယ်။

လူတွေ ငြိမ်သက်အေးချမ်းစွာ နေထိုင်ရလိမ့်မယ်။