ကျွန်ုပ်နှင့် သမ္မာကျမ်းစာ

ကျွန်ုပ်နှင့် သမ္မာကျမ်းစာ   ကျွန်ုပ်၏ဘဝ၌ ဘုရားသခင်၏ အမှုတော်မြတ်အတွက် ပထမဦးဆုံး ခေါ်တော်မူခြင်းခံရသောသက်သေသာဓကတစ်ခုမှာ-   (၁၉၇၀)ခု နှစ်လယ်ပိုင်းတွင် အင်္ဂလန်မြို့၌ လေယာဉ်များ ပြုပြင်ထိန်းသိမ်း ရေးဆိုင်ရာ ပညာသင်ကြားနေစဉ် ကုမရသည့်ရောဂါဝေဒနာဖြင့် သေရမည့် အဖြစ် ဆိုးကြီးကြုံတွေ့ခဲ့ရသည်။ ကျွန်တော်လွန်ခဲ့သည့် လူလတ်ပိုင်းအရွယ်တုန်းက အားကစားလုပ်ရင်း မတော်တဆခါးရိုးမှ ဒဏ်ဖြစ်ခဲ့ခြင်းကြောင့် ယခုအခါ ခါး အဆစ်ကြေသွားပြီး အကြောညှပ်ကာ ပြင်းထန်သော ဝေဒနာကို ခံစားခဲ့ရပါသည်။ ထိုအချိန်က အထူးကုဆရာဝန်များ၏ စမ်းသပ်ချက်အရ လောကတွင်နေရမည့် အချိန်မှာ နှစ်နှစ်ခန့်သာရှိတော့ကြောင်း သိလာရသည်။ ထို့အပြင် နောက်ဆုံး၌ ပြင်းထန်စွာ နာကျင်ခြင်းဝေဒနာအားဖြင့် သေရမည်ဟု မှတ်ချက်ပြုခဲ့ကြပါသည်။ ထို့ကြောင့် ကုသ၍မရ၊ ခွဲစိတ်၍လည်း မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။ ထိုအချိန်၌ ကျွန်ုပ်အသက်မှာ (၃၉) နှစ်သာရှိပါသည်။ ထိုသို့ ကုမရသည့် ရောဂါဖြစ်ကြောင်း သိသောအခါ မည်သည့်ဆေးကိုမှ မစားတော့ပါ။ ဆရာဝန်များ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ခံစားနေရသော ရောဂါ ဝေဒနာမှ လုံးဝပျောက်ကင်းဘို့ ကိုယ်တော်၏ မစခြင်းကိုသာ မျှော်လင့်၍ ဆက်ကပ် ဆုတောင်းခဲ့သည်။ သမ္မာကျမ်းစာ၌ ဖော်ပြထားသော Read more…