မမေ့သင့်သူ (ခင်သန္တာလွင်)

ဘဝမှာ မမေ့သင့်ဘူးဆိုတဲ့ အကြောင်းကို “Crash Landing On You” ဆိုသော Korea ဇာတ်လမ်းတွဲ လေးထဲမှာ ကြည့်ခဲ့မိပါတယ်။ ဇာတ် လမ်းထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ မင်း သမီး (Son Ye Jin) က “ဘဝမှာ လုံးဝ မမေ့သင့်တဲ့လူ (၃)မျိုး ရှိတယ်။ ဒုက္ခရောက်ချိန်မှာ ကူညီတဲ့သူ၊ ဒုက္ခရောက်ချိန် ပစ်ထားတဲ့သူ၊ ပြီးတော့ … ဒုက္ခရောက်အောင် လုပ်ခဲ့တဲ့သူ .. ” ဟူ၍ ပြောခဲ့ပါတယ်။ . ထိုသူတို့နှင့်ပတ်သက်ပြီး ရှင်လုကာခရစ်ဝင် ၁၀း ၃ဝ-၃၅ တွင် “ယေရှု က၊ လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့ သွားရာ Read more

The All-seeing God

Thou, God, seest me. Genesis 16:13 God can see me every day, God can see me all day long; He hears everything I say, And He knows if I do wrong. Let me never, never speak Any word that is not true; For, though I am young and weak, I Read more

မှတ်ကျုံးကာဆင်ခြင်

ခရစ်တော်မွေးနေ့ အကြောင်းပြုကာ ဗိမာန်တော်တွေ အိမ်တွေ ဆင်ခြင်မိတာ . မိမိနှလုံးသား ပြင်ဆင်ရဲ့လား။ လမ်းတွေ ဈေးဆိုင်တွေမှာ အလှဆင်ထားတာ လှလိုက်တာ မီးကြိုးသွယ်တန်း လှပသစ်ဆန်း လင်းလက်တောက်ပ လှပေစွ မိမိအသက်တာ ပုံသက်သေကောင်းပြကာ ကိုယ်တော်ဘုန်းတော် ထင်ရှားစေရန် ရှင်သန်ခဲ့ရဲ့လား ဆင်ခြင်စဉ်းစား။ ခရစ်တော်မွေးနေ့သမယမှာ အချင်းချင်း အပြန်အလှန် လက်ဆောင်တွေပေး ကျွေးမွေးနေချိန် မွေးနေ့ရှင် ခရစ်သခင်အတွက် ဘာလက်ဆောင်ပေးဆက်။ မွေးနေ့ရှင်ခရစ်သခင်ကို မေ့ထားမိနေလား ကယ်တင်ရှင် မွေးဖွားခဲ့ကြောင်း ဝမ်းမြောက်ဘွယ်သတင်းကောင်းကို လိုက်လံကာ နှုတ်ခွန်းဆက်သီဆို နှုတ်ဖျားမှလား၊ နှလုံးသားမှလား မေတ္တာနဲ့လား ဆန်းစစ်မိရဲ့လား ဆင်ခြင်ကာ စဉ်းစား။ ဝမ်းမြောက်ဖွယ် သတင်းကောင်းကြားရသူအပေါင်း ခရစ်သခင်ကို ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ကာ ဘုရားရှင်ရဲ့ မေတ္တာခံစားရကာ Read more

သင့်နှလုံးသားမှာ ခရစ်တော် မွေးဖွားခဲ့ပြီလား

လူသားတိုင်း ကယ်တင်ခြင်းရဖို့ ခရစ်တော်ဖွားမြင်ခဲ့တယ်လို့ အသွေးသွန်းကာ အပြစ်ဆေးကြောကာ အသက်စွန့်လျက်အပြစ်သားများ အပြစ်နွံတွင်းမှ လွတ်မြောက်ဖို့တွက် ကောင်းကင်နန်းကို စွန့်ခွာ လူ့ဇာတိ ခံခဲ့တယ်လို့ ကဲ့ရဲ့ ခြင်းတွေ ပြောင်လှောင်ခြင်းတွေကြား ညှင်းဆဲနှိပ်စက်ခြင်းခံကာ ကားတိုင်ထက်မှာ အသက်စွန့်ခါ သုံးရက်ကြာ ရှင်ပြန်ထမြောက်ခဲ့ အသက်ရှင်တဲ့ ခရစ်သခင်လို့ ဝမ်းမြောက်ဖွယ်သတင်းကောင်း ပြောကြားကြတယ်၊ ဝေမျှနေတယ် ကြွေးကြော်နေတယ်၊ သီဆို ဟစ်ကြွေးနေတယ် ကြားတတ်သောနား ရှိပြီလား။ ယုံကြည်လက်ခံကာ ဖိတ်ခေါ်လို့ သင့်နှလုံးသားမှာ ဖွားမြင်စေဖို့ ပြင်ဆင်စို့။ မပန်းချစ် (ပညာရေး)

အလင်း

ဒီဇင်ဘာလရောက်လာရင် အမျိုးမျိုးအလှဆင် ရန်ကုန်မြို့ ပြမွေးနေ့တော်ပွဲ ပျော်ရွှင်စွာနွှဲ။ ရောင်စုံမီးများထွန်းညှိချိတ်ဆွဲ အချို့မီးသီးတွဲ မှိတ်တုပ်မှိတ်တုပ် လင်းတခါ မှိတ်တလှည့် ဆွဲဆောင်လို့၊ တချို့ မီးသီးတွဲ မီးချောင်းတွေ အဆက်မပြတ် ထွန်းလင်းနေ၊ အားတော့ နည်းလှသလေ။ တချို့ မီးမောင်းလင်းအားကောင်း အမြင်ရှင်းစေကြောင်း။ သင်တို့သည် လောကအလင်းလို့ဆိုထား သင့်သက်တာမှာ မည်သို့လင်းကာ အသက်ရှင်သွား ဆင်ခြင်မိရဲ့လား။ မီးမောင်းများလို အားကောင်းကောင်းနဲ့ လင်းနိုင်ဖို့ ကိုယ်တော်ရှင်ရဲ့ နှုတ်ကပတ်စကား နှလုံးသွင်းထားလို့ ကျေးဇူးတော်ချီးမွမ်းကာ ဆုတောင်းခွန်အားယူလျက် အသက်ရှင်စို့။ မပန်းချစ်(ပညာရေး)