Christian Poem
ဝိညာဉ်အတွက်
လူသား(ဆားမှော်) အမြင်ခန္ဓာ စားစရာကို တစ်နေ့သုံးနပ် စားတတ်ကြတယ်။ ပြေးလွှားသည့်စိတ် စိုးထိတ်ထိတ်နှင့် လောကကြီးထဲ ပျော်တတ်သည်ပဲ။ အတွင်းဝိညာဉ် သူ လိုအင်ကို ဖြည့်ဆည်းဖို့များ မေ့နေပြီလား။ ကျမ်းစာနေ့စဉ် ဖတ်ရှုဆင်ခြင် ဘုရားကျေးဇူး အထူးချီးမွမ်း။ ဘုရားနှင့်သာ စကားပြောပါ ဝိညာဉ်အစာ ပြည့်စုံလာပြီ ဝိညာဉ်သတိ အစဉ်ရှိကာ ဝိညာဉ်ခန္ဓာ ကြီးထွားမည်။