ကျွန်ုပ်ဟာ အလကား
👉🏿 ကိုယ်တိုင် ကယ်တင်ခြင်းစိတ်ချမှု
ရကြောင်း သက်သေ မရှိဘဲ
ကယ်တင်ခြင်းအကြောင်း
ဟောပြောနေရင်..
ကျွန်ုပ်ဟာ အလကား။
👉🏿 ကိုယ်တိုင် ကျမ်းစာဖတ်ရှုလျက်
သမ္မာတရား ပိုင်းခြား သိမြင်ခြင်း မရှိဘဲ
သူတပါးကို ကျမ်းစာ
ဖတ်ဖို့ပြောနေရင်…
. ကျွန်ုပ်ဟာ အလကား။
👉🏿 ကိုယ်တိုင် ဆုတောင်းပြီး
ဘုရားသခင်၏
အဖြေမရဖူးဘဲနဲ့ ဆုတောင်းဖို့
. ဟောပြောနေရင်..
ကျွန်ုပ်ဟာ အလကား။
👉🏿 ကိုယ်တိုင် ပါဝင်ပေးကမ်းလို့
အကျိုးကျေးဇူး မခံစားဖူးဘဲ
သူတပါးကို ပေးကမ်းဖို့
ဟောပြောနေရင်… ကျွန်ုပ်ဟာ အလကား။
👉🏿 ကိုယ်တိုင် သာသနာပလူ တစ်ဦးကိုမှ
အသက်တာပြောင်းလဲလာအောင်
သက်သေ ခံဖူးခြင်းမရှိဘဲ
ဧဝံဂေလိတရား ဝေငှကြဖို့
. ဟောပြောနေရင်… ကျွန်ုပ်ဟာ အလကား။
👉🏿 ကိုယ်တိုင်
အဝေဖန်ခံရလောက်အောင်
သူတပါးအတွက်
အဖိုးအခပေးခြင်း မရှိသေးဘဲ
ပေးဆပ်ပါဝင်သူတွေကို
ဝေဖန်ပုပ်ခတ်နေရင်..
ကျွန်ုပ်ဟာ အလကား။
👉🏿 မိမိ မိသားစုကိုပင်ပုံသက်သေနဲ့
ဦးဆောင် သွန်သင်ခြင်းမပြုနိုင်ဘဲ
အသင်းတော်ကို ဦးဆောင်လိုရင်…
ကျွန်ုပ်ဟာအလကား။
👉🏿 ကိုယ်တိုင် ခံယူသင်ယူလိုစိတ်မရှိဘဲ
သူတပါးကို သွန်သင်ပေးချင်ရင်
ကျွန်ုပ်ဟာ အလကား။
🙏🏻 အိုအဖဘုရားသခင် ကိုယ်တော်က
ကျွန်ုပ်ကို မြင်သလို မြင်တတ်ပြီး
ကိုယ်တော်ထားတဲ့နေရာမှာ
ကိုယ်တော်စေခိုင်းတဲ့အမှုတော်ကို
ကိုယ်တော့်တန်ခိုးနဲ့
လုပ်ဆောင်တတ်သူ
ဖြစ်ဖို့ သွန်သင်လမ်းပြတော်မူပါ။