“ကတိတော်များ”
(ရာမာန်မိုး)
လူမှာကတိမင်းမှာသစ္စာဆိုသည့် ဆိုရိုးစကားရှိသကဲ့သို့ ထာဝရဘုရားသခင်သည်လည်း သစ္စာရှင်၊ စစ်မှန် သော သမ္မာတရား ဖြစ်ပါသည်။ အသက်ရှင်တော်မူသောထာဝရဘုရားသခင်ကို ယုံကြည်သောသူများအတွက် စစ်မှန် သော ကတိတော်များကိုပိုင်ဆိုင်ရန် ထာဝရဘုရားသခင်သည် ရှေးသန့်ရှင်းသောသူ၊ ဘိုးဘေးများတို့အားကတိသစ္စာ ပြုခဲ့ကြသည်။ ထိုကတိများတို့သည် ယနေ့ထိတိုင် စီးဆင်းလျက် ရှိပါသည်။
ထာဝရဘုရားသည် အာဗြဟံ၊ ဣဇက်ယာကုပ် တို့အား တိုင်းတစ်ပါးတွင် နေထိုင်စေခဲ့ပြီး ထိုမြေကို သင်တို့ ၏ အမွေခံရာနယ်မြေဖြစ်စေမည်ဟု ကတိတော်ပေးခဲ့သည်။ထိုသူများတို့သည်လည်း တိကျသော ပိုင်ဆိုင်မှုများမရှိဘဲ ထာဝရဘုရားသခင်မိန့်တော်မူသော စကားတော်ကို ဆင်ခြင် အောက်မေ့လျက် နေထိုင်ခဲ့သည်။အဘယ်ကြောင့်နည်း။ ထိုသူတို့သည် အသက်ရှင်တော်မူသောထာဝရဘုရားသခင် ကိုအကြွင်းမဲ့ယုံကြည်ကိုးစားခြင်းနှင့် လောကတပ်မက်ခြင်းမှ ကင်းရှင်းခြင်ဒကြောင့်ပင်ဖြစ်သည်။ ယနေ့ခရစ်ယာန်များတို့သည် လည်း ထာဝရဘုရားသခင်၏ ဂတိတော်၌ အသက်ရှင်ရပ်တည်ရန် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့အား ထာဝရဘုရားသခင်က မမြင်ရသော အနာဂတ်နေ့ရက်အတွက်ပြင်ဆင်ထားသော ကတိတော်ရှိသည်။ “စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့” (ရှင်မဿဲ ကျွန်ုပ်တို့ ပိုင်ဆိုင်သော မြေမှထွက်သောဘဏ္ဍာကို ၅း၅)။
“ထို့ကြောင့် ချစ်သူတို့ ထိုကတိတော်များနှင့်
ငါတို့ သည် ဆိုင်ကြသည်ဖြစ်၍ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ် ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုယ်ကိုယ် ကင်း စင်စေလျက် ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်း ပါရမီနှင့်ပြည့်စုံကြကုန်အံ့” (၂ကော ရး၁)။
ထာဝရဘုရားသခင်၏ ကတိတော်သည် မည်သည့် အခါမျှ ဖောက်ပြန်ခြင်းမရှိပါကျွန်ုပ်တို့သာလျှင် ဖောက် ပြန်တတ်သောလူသားများဖြစ်ကြသည်။ ကတိတော်သည် အသက်တာ၌ ပြည့်ဝစုံလင်ရန် စစ်မှန်သောယုံကြည်ခြင်း သည် အထူးပင်လိုအပ်ပါသည်ထာဝရဘုရားသခင်၏ စကားတော် (ကတိတော်)ကို မယုံကြည်လျှင်သာယာသော ပြည်ကိုဝင်စားရန် မထီမဲ့မြင်ပြုခြင်းဖြစ်သည်ထာဝရဘုရား သခင်သည် မိမိပေးသော ကတိတော်ကို ကျိန်ဆိုခြင်းဖြင့် မြဲမြံစေသည်။ ပေးထားသောကတိတော်ကို အမှတ်ရတော် မူသောသူဖြစ်သည်။ သခင်ယေရှုခရစ်တော်အားဖြင့်ကတိ တော်များပြည့်စုံစေသည်။ ထို့ကြောင့် ကတိတော်ကို အမွေ ခံရသောသူတို့သည် ဘုရားသခင်၏အကြံအစည်တော် မ … ဖောက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှါ ဘုရားသခင် သည် အကျိန်အားဖြင့် အာမခံတော်မူ၏” (ဟေဗြဲ ၆း၁၇)။“ထိုသခင်မှာ ဘုရားသခင်၏ကတိတော်ရှိသမျှတို့သည် ငါတို့ အားဖြင့် ဘုန်းအသရေတော်ကို ထင်ရှားစေခြင်းအလို့ငှါ … ဟုတ်မှန်၏ဟူ၍၄င်း၊ အာမင်ဟူ၍၄င်းဖြစ်သတည်း” (၂ကော၁း၂ဝ)
သခင်ယေရှုခရစ်တော်ကို ယုံကြည်သောသူများအတွက် ကတိတော်များ
ကျွန်ုပ်တို့သည် ဒုစရိုက်ကိုပြုသော အပြစ်သား များဖြစ်ကြောင်း ၀န်ခံလျှင်ဘုရားသခင်၏အပြစ်လွှတ်ခြင်း ကို ခံစားရမည် (၁ယော ၁း၉)။
ထာဝရဘုရားထံ တိုးဝင်ချဉ်းကပ်သောသူများအားငြိမ်သက်ခြင်းကို ပေးတော်မူသည် (ဆာ ၈၆း၈)။
ကျွန်ုပ်တို့ ပိုင်ဆိုင်သော မြေမှထွက်သော ဘဏ္ဍာကိုကောင်းကြီးပေးတော်မူမည် (ဆာ၆၇း၆)။
ကျွန်ုပ်တို့ကို ထာဝရအသက်တည်းဟူသော နိစ္စထာဝရတည်မြဲသော အသက်တာကိုရရှိစေမည်။ စိုးရိမ်ခြင်း နှင့် ကင်းသောနေရာကို စံစားရမည် (၁ယော ၂း၂၅)။
ကျွန်ုပ်တို့သည် ဤကတိတော်ကို အမှန်တကယ် ပိုင်ဆိုင်ခဲ့ပြီလား။ ကျွန်ုပ်တို့၏အသက်တာ၌ မပိုင်ဆိုင်ခဲ့ရ လျှင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအသက်တာကို ပြင်ဆင်ရန် လိုအပ်ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည် ထာဝရ ဘုရားသခင်၏ကတိတော်၌ ရပ်တည်ရမည့်အစား လောက ၏တပ်မက်ခြင်း၊ ဆွဲဆောင်ခြင်းတို့၌ရပ်တည်တတ်ကြသည်။ ထိုအခါ ထာဝရဘုရားသခင်၏ ကတိတော်စကားအစားမိမိအလိုဆန္ဒများဖြင့် ဦးစားပေး၍ အခက်အခဲပြဿနာများ ကို ဖြေရှင်းကြသည်။ဤအချက်သည် ထာဝရဘုရားအား ယုံကြည်ကိုးစားခြင်းနှင့် ကတိတော်ကိုဥပေက္ခာပြုခြင်းဖြစ် သည်
ထာဝရဘုရားသခင်၏ ကတိတော်ကို မည်ကဲ့သို့ လုပ်ဆောင်သင့်သနည်း။
ထာဝရဘုရားသခင်ပေးသော ကတိတော်များကို ရရှိသောသူများဖြစ်သောကြောင့်အသက်တာ၌ ပြန်လည် ဆင်ခြင်ရန် လိုအပ်ပါသည်။ သခင်ယေရှုက “ငါသည်လည်းကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ် မပြတ်ရှိသည်”ဟု မိန့်တော်မူခဲ့သည့်အတိုင်း ကတိတော် များကိုလည်း ထာဝရစောင့်ထိန်းသောသူဖြစ်ကြောင်းကျွန်ုပ် တို့ ဆင်ခြင်မိရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့သည် ကတိ တော်၌ ဝမ်းမြောက်ပျော်ရွှင်နိုင်ရမည်။ ထာဝရဘုရားသခင် ၏ ကတိတော်ကိုဆင်ခြင်ရာတွင်
ထာဝရဘုရားသခင်ပေးထားသော ကတိတော်ကို အကြွင်းမဲ့ ယုံကြည်ရမည် (ရောမ၄း၁၆–၂၁
တစ်ပါးသူများ ထာဝရဘုရားသခင်၏ ကတိတော် ကိုသိရှိရန် ဝေမျှရမည် (ဧ ၃း၆)။
ထာဝရဘုရားသခင်၏ ကတိတော်ကို ဆင်ခြင် အောက်မေ့ရမည် (ဆာ ၁၁၉း၁၄၈
ထာဝရဘုရားသခင်၏ ကတိတော်ကိုအမှီပြု၍အသက်တာကို လျှောက်လှမ်းရမည်(ဟေဗြဲ ၄း၁)
ယောရှုသည် နို့နှင့် ပျားရည်စီးသော (သယံဇတ … ပေါကြွယ်သော) ပြည်တည်းဟူသော ခါနန်ပြည်ကို ဝင်စား နိုင်ရန် ထာဝရဘုရားသခင်၏ ကတိတော်ကို စိတ်ရှည်… သည်းခံခြင်းဖြင့် အချိန်ယူ၍ ရယူပိုင်ဆိုင်နိုင်ခဲ့သည်။ ကျွန်ုပ် .. တို့၏ အသက်တာကို ထာဝရဘုရားသခင်၏ မိန့်တော်မူ သော မြွက်ဆိုသံများအားဖြင့် ယုံကြည်ကိုးစားရန် အလွန် အရေးကြီးပါသည်။ နာခံလိုက်လျှောက်သော အသက်တာ ဖြစ်ရပါမည်။ “မိုးရေနှင့် မိုးပွင့်တို့သည် မိုးကောင်းကင်မှ … ဆင်းသက်၍ နောက်တစ်ဖန်မပြန်မြေသည် မျိုးစေ့ကြဲသော သူအားမျိုးစေ့ကို၄င်း၊ အစာစားသောသူအား အစာကို၄င်း ပေးမည်အကြောင်း၊ မြေကိုစိုစေသဖြင့် အပင်ပေါက်စေ၍ အသီးကို သီးစေသကဲ့သို့ ထို့အတူ ငါ၏နှုတ်ကပတ်စကား ထာဝရဘုရားသခင်၏ကတိတော်ကိုမည်သို့ လုပ်ဆောင် သည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလို ကိုပြည့်စုံစေမည်” (ဟေရှာယ ၅၅း၁၀–၁၁)ဟူ၍ ဖော်ပြထားသည်။
မပျက်စီးနိုင်သော ထာဝရဘုရားသခင်၏ ကတိ တော်မြတ်၌ အနန္တကာလပတ်လုံးတည်မြဲနေရန် ကြိုးစားရ မည်။ ယုံမှားခြင်းကြောက်ရွံ့ခြင်းမုန်တိုင်း ကျရောက်သော် လည်း အသက်ရှင်တော်မူသော ကိုယ်တော်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်၍အသက်တာကို အောင်မြင်မှု ရယူရမည်။ ထာဝရဘုရားသခင်၏ ကတိတော်မေတ္တာကြိုးသည် ကျွန်ုပ်တို့ ၏ အသက်တာကို မြဲမြံစွာချည်နှောင်ထားသည်။ ဝိညာဉ် တော်အားဖြင့် စောင့်ထိန်းပေးနေသည်။ ကျွန်ုပ်တို့သည် ကိုယ် တော်၏မေတ္တာတော်ကိုအကျိုးမဲ့စေခြင်းငှါ မပြုလုပ်ရန် ကိုယ် တော်အလိုရှိသည်။ ကတိတည်သောဘုရားသခင်သည် သစ္စာရှိသောသူကို သာ၍အလိုရှိသည်။
“မြင်း၏ခွန်အားနှင့် လူ၏လျင်မြန်ခြင်းကို အားရ နှစ်သက်တော်မူခြင်းမရှိ။ကြောက်ရွံ့သောသူနှင့် ကရုဏာ တော်ကို မျှော်လင့်သောသူတို့ကို ထာဝရဘုရားနှစ်သက်တော်မူ၏” (ဆာ ၁၄၇း၁၀–၁၁)။