သောမတ်(စ်) Limbu

(ပြင်ဦးလွင်နေပါလီနှစ်ခြင်းအသင်းတော်

ခရစ်တော်ကို ရန်သူလက်သို့ အပ်နှံသော သူတို့တွင် ပိလတ်မင်းကြီးသည်လည်း တစ်ဦး အပါအဝင် ဖြစ်သည်။ အကယ်စင်စစ် ပိလတ်မင်းကြီးသည် ခရစ်တော်အား အပြစ် ဒဏ်ချရန်ပင် မလိုလားခဲ့ပေ။ သမ္မာကျမ်းစာ၌ ဖေါ်ပြပါရှိသော ပိလတ်မင်း၏ ပြောဆိုချက်များကို ကြည့်ခြင်းအားဖြင့် သူသည် ခရစ်တော်၏ ဖြောင့်မတ်ခြင်းသို့ အသိအမှတ်ပြုသောသူဖြစ် သည်သာမက သူသည် ခရစ်တော်အား စစ်ဆေးမြေးမြန်းသော အခါ ခရစ်တော်သည် အပြစ်ဒဏ်စီရင်ရလောက်သော ပြစ်မှု ကျူးလွန်မှု တစ်စုံတစ်ခုမှ မရှိခြင်းကြောင့်သော်လည်းကောင်း၊ သူ့ ဇနီးသည်၏ အိပ်မက်၌ ခရစ်တော်သည် ဖြောင့်မတ်သော သူဖြစ်ပြီး သူ့အား ဘာမျှ မလုပ်မည့်အကြောင်း ဖော်ပြခံရခြင်း ကြောင့်သော်လည်းကောင်း၊ ခရစ်တော်အား အပြစ်ဒဏ်ချရန် မလိုလားခဲ့ခြင်း ဖြစ်နိုင်ပေသည်။

သို့သော် နောက်ဆုံး၌ သူသည် ခရစ်တော်ကို

တိုင်တင်သတ်ရန် စီရင်ချက်ချခြင်းသည် အဘယ်ကြောင့်နည်း။ ထိုသို့ လုပ်ဆောင်ရန် ပိလတ်မင်းကြီးအား မည်သည့်အရာများ က တွန်းအားဖြစ်စေခဲ့သနည်း။ သူသည် အပြစ်မရှိသော ခရစ် တော်ဘက်၌ မရပ်တည်ဘဲ ခရစ်တော်အား ကားတိုင်တင်သတ် ရန် လူထုကြီး၏ မတရားတောင်းဆိုသောအရာကို အဘယ် ကြောင့် လိုက်လျောခဲ့သနည်း။

၁။ ပိလတ်မင်း

ပိလတ်မင်းသည် (Emperor Tiberius) အားဖြင့် ယုဒနယ်တစ်ဝိုက် အုပ်ချုပ်ရန် ရောမဘုရင်ခံနေရာတွင် ခန့် အပ်ခြင်းခံခဲ့ရပြီး အေဒီ ၂၆ မှ ၃၀ အထိ (၁၀)နှစ် အမှုထမ်း ဆောင်ခဲ့သည်။ သူသည် အုပ်ချုပ်မှုဆိုင်ရာ စီမံခန့်ခွဲရေးတွင် နာမည်ကျော်ကြားခဲ့သည်။ သူသည် မြင်းစီးတပ် အယောက် (၁၂ဝ)၊ ရောမစစ်တပ် (၄)သို့ (၅)တပ်၊ ခြေလျင်တပ် အယောက် (၂၅ဝဝ-၅ဝဝ) စသည်တို့ ကွပ်ကဲအုပ်ချုပ်ရပါသည်။ ပိလတ် မင်းသည် ယုဒလူတို့အား အထင်အမြင်သေးခြင်းနှင့် သူတို့ အပေါ်၌ စာနာမှုကင်းမဲ့မှုကြောင့် ယုဒလူတို့၏ မုန်းတီးခြင်းကို ခံခဲ့ရသည်။ ပထမမြောက် အင်္ဂရစ်ပါ (Agrippal) ဘုရင်က ပိလတ်မင်းနှင့်ပတ်သက်ပြီး “သူသည် ညှိုနှိုင်း၍ မရတဲ့သူ၊ သနားကြင်နာစိတ်မရှိတဲ့သူ၊ ပြီးတော့ တစ်ယူသန်တဲ့သူလည်း ဖြစ်တယ်”ဟူ၍ မှတ်ချက်ချခဲ့ကြောင်း ဂျူးအတွေးအခေါ်ပညာ ရှင် (Philo) က ဖော်ပြခဲ့သည်။

၂။ ပိလတ်မင်းနှင့် ယုဒလူတို့ကြား၌ ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်နှစ်ခု

ပိလတ်မင်းသည် သူ၏ အမှုထမ်းဆောင်စဉ်ကာလ အတွင်း ယုဒလူတို့နှင့် ပတ်သက်ပြီး ထင်ရှားသော အဖြစ် အပျက် (၃)ခု ရှိပါသည်။ ထိုအဖြစ်အပျက် (၃)ခုအနက် ပိလတ် မင်းသည် ခရစ်တော်အား အပ်နှံခြင်းနှင့်ပတ်သက်သော အဖြစ် အပျက် (၂)ခုကိုသာ ဖော်ပြသွားမည် ဖြစ်ပါသည်။

ပထမအဖြစ်အပျက်မှာ ပိလတ်မင်းသည် ယေရုရှလင် မြို့သို့ ပထမဆုံး အလည်အပတ်လာသော အချိန်တွင် ဖြစ် သည်။ ထိုအချိန် ယုဒပြည်တွင် ရောမအစိုးရ ဌာနချုပ်ရုံးစိုက် သော နေရာသည် ယေရုရှလင်မြို့တွင် မဟုတ်ဘဲ ကဲသရိမြို့ (Caesarea) တွင် ဖြစ်သည်။ ပိလတ်မင်းသည် ယေရုရှလင် မြို့သို့ လာသောအခါ သူနှင့်အတူ ရောမတပ်သားများ အမြဲပါလာလေ့ ရှိသည်။ ထိုရောမတပ်သားများသည် သူတို့နှင့်အတူ အလံတိုင်ထိပ်တွင် သတ္တုကျောက်ဖြင့် ထုလုပ်ထားသော သေး ငယ်သောအင်ပါယာဘုရင်၏ ကိုယ်တစ်ပိုင်းပုံပါသော အလံတိုင် များကို ယူဆောင်လာတတ်ကြပါသည်။ ထိုအချိန်တွင် ရောမ အင်ပါယာဘုရင်သည် သူတို့၏ နတ်ဘုရားသဖွယ် ကိုးကွယ် သောအချိန်ဖြစ်သည်။ ထိုအလံတိုင်ထိပ်တွင်ရှိသော အင်ပါယာ ဘုရင်၏ ကိုယ်တစ်ပိုင်းပုံသည် ယုဒလူတို့အတွက်မူ ရုပ်တု၊ ဆင်းတုသဖွယ်ဖြစ်ပြီး၊ ထိုရုပ်တုဆင်းတုနှင့်ပတ်သက်ပြီး ယုဒ လူတို့၏ ဥပဒေသတွင် တားမြစ်ချက်များရှိသောကြောင့် ယေရု ရှလင်မြို့တွင် ထိုကဲ့သို့သော အရာများ ယူဆောင်ကြခြင်းကို ကန့်ကွက်ခဲ့ကြသည်။ ပိလတ်မင်း မတိုင်မီ ရောမအုပ်ချုပ်သူ အားလုံးတို့က ဘာသာတရားကိုင်းရှိုင်းသော၊ ယုဒလူမျိုးတို့အား ညှာတာထောက်ထားသောအားဖြင့် ထိုရုပ်တုများကို မြို့တွင်း မဝင်မီ ဖယ်ရှားပေးလေ့ ရှိကြသည်။ ထို့ကြောင့် ယုဒလူတို့သည် ထိုရုပ်တုများကို ဖယ်ရှားရန် ပိလတ်မင်းအား တောင်းဆိုခဲ့ ကြသည်။ သို့သော် ပိလတ်မင်းကမူ ထိုသို့မလုပ်ဘဲ ကဲသရိမြို့ သို့ ပြန်သွားခဲ့သည်။ ယုဒလူတို့သည် သူ့အား ငါးရက်လုံးလုံး နောက်ယောင်ခံပြီး လိုက်လာခဲ့ကြသည်။ နောက်ဆုံးတွင် ပိလတ် မင်းသည် သူတို့နှင့် ဇာတ်ရုံတစ်ရုံတွင် တွေ့ဆုံရန် ပြောဆိုခဲ့ သည်။ ပိလတ်မင်းသည် ထိုယုဒလူတို့အား စစ်တပ်များဖြင့် ဝိုင်းရံထားပြီး ထိုသို့ဆက်ပြီး တောင်းဆိုနေလျှင် သူတို့အား သတ်ဖြတ်မည့်အကြောင်း ပြောကြားခဲ့သည်။ သို့သော် ယုဒလူ

တို့သည် မကြောက်ရွံ့ဘဲ သူတို့ လည်စင်းခံခဲ့ကြသည်။ သို့ သော်လည်း ပိလတ်မင်းသည် ယုဒလူတို့အား မသတ်ရဲဘဲ ရိုက်နှက်ဒဏ်ကိုသာ ပေးခဲ့သည်။ နောက်ဆုံးတွင် ပိလတ်မင်း သည် ယုဒလူတို့၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။ ထိုသို့ ပိလတ်မင်းသည် သူ၏ အမှုထမ်းရွက်ခြင်းကို စတင်ခြင်း နှင့်အတူ သူ၏ ဆိုးသွမ်းမှုလည်း စတင်လာခဲ့သည်။

ဒုတိယအဖြစ်အပျက်မှာ အောက်ပါအတိုင်း ဖြစ် သည်။ ထိုအချိန်တွင် ယေရုရှလင်မြို့တွင် ရေလုံလောက်စွာ မရရှိခဲ့ကြပေ။ ထို့ကြောင့် ပိလတ်မင်းသည် ရေသွယ်မြောင်း အသစ်ကို ဖောက်လုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဖောက်လုပ် နိုင်ရန်အတွက် ဗိမာန်တော်မှ မြောက်မြားစွာသော ဘဏ္ဍာငွေ များကို အသုံးပြုခဲ့သည်။ ထိုသို့ ပိလတ်မင်း၏ အပြုအမူကြောင့် ယုဒလူတို့သည် အလွန်ခံပြင်းကြပြီး ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လမ်းမများတွင် ဆူပူသောင်းကျန်းခဲ့ကြသည်။ ထိုအခါ ပိလတ် မင်းသည် သူ၏ စစ်တပ်အား အရပ်ဝတ်ကို ဝတ်စေပြီး သေ နတ်ကို မကိုင်စေဘဲ ယုဒလူတို့အား တင်းပုတ်ဖြင့် ရိုက်စေ ခြင်း (သို့) ဓါးဖြင့် ထိုးစေခြင်းကြောင့် ယုဒလူတို့ အမြောက် အများ သေကြေခဲ့ကြသည်။ ပိလတ်မင်း၏ လုပ်ရပ်သည် တရား ဥပဒေအရ တာဝန်မကင်းသော လုပ်ရပ်ဖြစ်သောကြောင့် သူ သည် အင်ပါယာဘုရင်မင်းမြတ်ထံ တိုင်ကြားခြင်း ခံခဲ့သည်။ ပိလတ်မင်းနှင့် ယုဒလူတို့တွင် ထိုကဲ့သို့ ရှိခဲ့ဖူးသော ကြောင့် ခရစ်တော်အား အပြစ်စီရင်ခြင်းနှင့်ပတ်သက်ပြီး ယုဒ လူတို့သည် ပိလတ်မင်းအား အပိုင်ကိုင်ပြီး ခရစ်တော်အား လက်ဝါးကပ်တိုင်တွင် တင်သတ်ရန် စေခိုင်းကြခြင်း ဖြစ်သည်။ ထို့ကြောင့် ယုဒလူတို့က ပိလတ်မင်းအား “ထိုသူကို လွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏အဆွေ မဟုတ်ပါ”ဟု လျှောက် ကြခြင်းဖြစ်သည်။ (ယော ၁၉း၂၁)။ ဆိုလိုရင်းမှာ အကယ်၍ ပိလတ်မင်းသည် ခရစ်တော်ကို အပြစ်ဒဏ် မချမှတ်ဘဲ လွှတ် လျှင် ကဲသာဘုရင်အား တိုင်ကြားကြမည့်အကြောင်း သူ့အား အကြပ်ကိုင်ကြခြင်းပင် ဖြစ်သည်။

၃။ ခရစ်တော်အား အပြစ်ဒဏ်ချမှတ်ခြင်း

အကယ်စင်စစ် ခရစ်တော်သည် အပြစ်မရှိသောသူ ဖြစ်ကြောင်း ပိလတ်မင်းသည် ကောင်းစွာ သိပါသည်။ ခရစ် တော်သည် အပြစ်ဒဏ် ခံထိုက်သောသူမဟုတ်ကြောင်းကိုလည်းသူ ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူသည် ခရစ်တော်အား စုံ စမ်းစစ်ဆေးရာတွင် အပြစ်မစီရင်ရလောက်အောင် အပြစ်ရှာ း၍ မရကြောင်း “ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့” ၊ (လုကာ ၂၃း၄)၊ “ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြ း သည်ဖြစ်၍ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့တင် သော အပြစ်တစ်စုံတစ်ခုကိုမျှ သူ၌ ငါမတွေ့ (လုကာ ၂၃း၁၄)၊ “ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သော အပြစ်တစ်စုံတစ်ခုကိုမျှ သူ၌ ငါမတွေ့” (လုကာ ၂၃း၂၂) = ဟူ၍ (၃)ကြိမ် အသိပေးကြေညာခဲ့သည်။ ထို့အပြင် ပိလတ်မင်း သည် တရားပလ္လင်ပေါ် ထိုင်စဉ်တွင် သူ၏ ဇနီးခင်ပွန်းသည် က ခရစ်တော်အား တရားစီရင်ခြင်းနှင့်ပတ်သက်ပြီး လုလင် တစ်ယောက်ကို စေလွှတ်၍ “ထိုဖြောင့်မတ်သောသူကို အဘယ် သို့မျှ မပြုပါနှင့်။ ယနေ့ပင် ကျွန်မသည် ထိုသူကြောင့် အိမ် မက်၌ ပြင်းစွာခံရပြီ”ဟု မှာလိုက်လေ၏။ (မဿဲ ၂၇း၁၉)။ ပိလတ်မင်းသည်လည်း ခရစ်တော်အား အပြစ်ဒဏ်ချမှတ်ရန် . လုံးဝ မလိုလားကြောင်း အောက်ပါအချက်များကို ကြည့်ခြင်း အားဖြင့် သိနိုင်ပါသည်။

(၁) ပိလတ်မင်းသည် ခရစ်တော်အား စီရင်ချက်ချရန် မလိုလားသောကြောင့် အခြားသူအပေါ်၌ ထိုတာဝန်ကိုတင်ပြီး ။ ခေါင်းရှောင်ခဲ့သည်။ ထိုသို့ခေါင်းရှောင်ခဲ့ပုံမှာ ခရစ်တော်သည် . ဂါလိလဲလူဖြစ်ကြောင်း ပိလတ်မင်းကြားသိသောအခါ ခရစ် တော်သည် ဟေရုဒ်ပိုင်သောသူဖြစ်သည်ဟုဆိုကာ ထိုဒေသကို အုပ်ချုပ်သော ဟေရုဒ်ထံသို့ ပို့စေခဲ့သည်။ သို့သော် ဟေရုဒ်မင်း သည် ခရစ်တော်အား အပြစ်စီရင်ချက်မချဘဲ ပိလတ်မင်းထံ သို့ ပြန်ပြီး ပို့ဆောင်ခဲ့သည်။ ပိလတ်မင်း ဘာဆက်လုပ်မည်သနည်း။

ပိလတ်မင်းသည် လူထုအား ကျေနပ်အောင်လုပ်ပြီး ခရစ်တော်ကို လွှတ်ရန် ရည်ရွယ်ခဲ့သည်။ ပိလတ်မင်းသည် # ခရစ်တော်အား သေထိုက်သော အပြစ်တစ်စုံတစ်ခုမျှ မတွေ့ ကြောင်းနှင့် သူ့ကို ဆုံးမ၍ လွှတ်မည်ဟု လူထုအား သုံးကြိမ် တိုင်အောင် ပြောဆိုခဲ့သော်လည်း လူများတို့သည် ခရစ်တော် အား လက်ဝါးကပ်တိုင်တွင် ရိုက်ထားစေခြင်းငှါ ကြီးစွာသော အသံဖြင့် အော်ဟစ်ခဲ့ကြသည်။ ပိလတ်မင်း ဘာဆက်လက် လုပ်ရမည်နည်း။

(၃) ပိလတ်မင်းသည် ပဿခါပွဲတွင် ထောင်သားတစ်ဦး ကို လွှတ်လေ့ရှိသော ထုံးတမ်းဓလေ့ကို စွဲကိုင်ပြီး လူထုအား ကိုယ်တိုင်ဆုံးဖြတ်စေခြင်းဖြင့် ခရစ်တော်အား လွှတ်စေရန် ရည်ရွယ်ခဲ့သည်။ ထိုသို့ဖြင့် ပိလတ်မင်းသည်လည်း သူကိုယ်တိုင် ခရစ်တော်အား အပြစ်ဒဏ်စီရင်ချက်ချခြင်းမှ ရှောင်လွဲရန် ရည်ရွယ်ခဲ့သည်။ ယုဒလူတို့တွင် ပဿခါပွဲ၌ အကျဉ်းသားတစ် ဦးကို လွှတ်ခွင့်ပေးသည့် ကျင့်ထုံးရှိသည့်အတိုင်း ပုန်ကန်ခြင်း အပြစ်၊ လူ့အသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင်ထားခြင်းခံရသော ဗာရဗ္ဗနှင့် ခရစ်တော်တို့နှစ်ဦးတွင် အဘယ်သူကို ပဿခါပွဲနေ့တွင် လွှတ်ရမည့်အကြောင်း ပိလတ် မင်းသည် လူထုအား မေးမြန်းခဲ့သည်။ ပိလတ်မင်းသည် ထိုကဲ့ သို့ အလွန်ဆိုးသော ဗာရဗ္ဗကိုလွှတ်ရန် မည်သူမျှ လိုလားမည်ဟု မထင်ခဲ့သော်လည်း လူထုပရိသတ်ကြီးက ဗာရဗ္ဗကိုလွှတ်ပြီး ခရစ်တော်ကို ကားတိုင်တင်သတ်ရန် အော်ဟစ်ခဲ့ကြ၏။ ပိလတ် မင်း ဘာဆက်လုပ်ရမည်နည်း။

(၄) နောက်ဆုံးတွင် ပိလတ်မင်းသည် ခရစ်တော်ကို လက် ဝါးကားတိုင်၌ တင်သတ်ရန် အပ်နှံခဲ့ရာ ထိုသို့ အပ်နှံခြင်း ကြောင့် သူ့၌ အပြစ်မသက်ရောက်မည့်အကြောင်း သူ့ကိုယ်သူ ကာကွယ်ခြင်းအမှုကို ပြုခဲ့သည်။ ပိလတ်မင်းသည် လူများ သာ၍ ရုန်းရင်းခတ်လာကြသောအခါ သူမနိုင်မှန်းသိသောအခါ ရေကိုယူ၍ လူအများရှေ့၌ မိမိလက်ကို ဆေးလျက် ဤဖြောင့် မတ်သောသူ၏ အသွေးနှင့် သူသည် ကင်းရှင်းကြောင်း ဖော် ပြခဲ့သည်။ ထို့နောက် ခရစ်တော်အား ကားတိုင်တွင် တင်သတ် ခြင်းငှါ အပ်လိုက်တော့သည်။ ထိုသို့လုပ်ခြင်းကြောင့် ပိလတ် မင်း၏ အပြစ်ကို ကင်းစင်သွားမည်လော။

၄။ ခရစ်တော်ကို ကားတိုင်တင်သတ်ရန် အပ်နှံခဲ့သော ပိလတ်မင်း

အကယ်စင်စစ် ခရစ်တော်သည် ဖြောင့်မတ်သောသူ ဖြစ်ကြောင်း ပိလတ်မင်းသည် ကောင်းမွန်စွာ သိသည်သာမက ခရစ်တော်အား အပြစ်ဒဏ်စီရင်ခြင်းမှ လွတ်မြောက်စေလိုခဲ့ သော်လည်း သူသည် ခရစ်တော်အတွက်မူ မားမားမတ်မတ် မရပ်တည်ခဲ့ချေ။ ထို့အပြင် ခရစ်တော်ကို ရန်သူလက်သို့ အပ် နှံခဲ့ကြောင်း တွေ့ရပါသည်။ အဘယ်ကြောင့်နည်း ပိလတ်မင်းသည် လူများတို့၏ ပြစ်တင်ဝေဖန်မှုများကို မခံလိုသောကြောင့် ခရစ်တော်ကို ရန်သူလက်သို့ အပ်နှံခဲ့ ခြင်း ဖြစ်သည်။

ပိလတ်မင်းသည် သူ၏ ရာထူးဂုဏ်ထူးကို ထိခိုက် နစ်နာဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် ခရစ်တော်ကို ရန်သူ လက်သို့ အပ်နှံခဲ့ခြင်း ဖြစ်သည်။ပိလတ်မင်းသည် သူ၏ တစ်ကိုယ်ကောင်းဆန်စိတ် ကြောင့် ခရစ်တော်ကို ရန်သူလက်သို့ အပ်နှံခဲ့ခြင်း ဖြစ်သည်။ပိလတ်မင်းသည် မိမိ၏ ကိုယ်ကျိုးအတွက်သာ ငဲ့ညှာ ခြင်းကြောင့် ခရစ်တော်ကို ရန်သူလက်သို့ အပ်နှံခဲ့ခြင်း ဖြစ် သည်။

အကယ်စင်စစ် ခရစ်တော်အတွက် မားမားရပ်တည်သောသူသည် ခရစ်တော်အပေါ်၌ သစ္စာရှိခြင်းဖြင့် သက်သေထူတတ်ခရစ်တော်အတွက် အနစ်နာခံခြင်းဖြင့် သက်သေထူပါသည်။

ခရစ်တော်၏ စကားကို နာခံလိုက်လျှောက်ခြင်းဖြင့်သက်သေထူတတ်ပါသည်။

လောက၏ စုံစမ်းသွေးဆောင်ခြင်းကို အောင်နိုင်ခြင်း ဖြင့် သက်သေထူတတ်ပါသည်။

မိမိ၏ ကိုယ်ကျိုးကိုသာ ပဓါနမထားဘဲ သမ္မာတရား ၌ ရပ်တည်ခြင်းဖြင့် သက်သေထူတတ်ပါသည်။

ယနေ့ ယုံကြည်သူများသည်လည်း နေ့စဉ်ကြုံတွေ့နေ ရသောအမှုများတွင် ခရစ်တော်အတွက် မားမားမတ်မတ် ရပ်တည်သော ယုံကြည်သူများဖြစ်ကြသလော (သို့) မိမိတို့၏ ကိုယ်ကျိုးကိုသာ ငဲ့ညှာပြီး ခရစ်တော်အား ရန်သူလက်သို့ ဆက်လက်ပြီး အပ်နှံသော ယုံကြည်သူများ ဖြစ်ကြသလော။ ခရစ်တော်ကမူ “ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက် ဖြစ်၏”ဟု မိန့်တော်မူခဲ့ပါသည်။ (မဿဲ ၁၂း၃၀)။

မှီငြမ်းကျမ်းများ

Dictionary of Jesus and the Gospels by Joel B.Green & Scot Mcknight.

The Cross of Christ by John Stott. The Daily Study Bible by William Barclay.

=