(အီတ)

ခရစ်ယာန်ဆိုသည်မှာ ဘုရားသခင်၏သား သမီးများဖြစ်၍ ခရစ်တော်၏နောက်လိုက်များဖြစ်ကြ သည်။ (ယော ၁း၁၂)တွင် “ထိုသူကိုလက်ခံသမျှ သော သူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သော သူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေး တော်မူ၏” ဟူ၍ဖော်ပြချက်အရ ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်။

မြန်မာအဘိဓာန်၌ “ကျင့်”ဟူသည် “ထပ်တ လဲလဲပြုမူသည်’ ဟူ၍လည်းကောင်း၊ ‘လိုက်နာစောင့် ထိန်းအပ်သောဝတ္တရား’ ဟူ၍အနက်ရောက်သည်။ ထို့ကြောင့် ခရစ်ယာန်ကျင့်ဝတ်ဆိုသည်မှာ ဘုရား သခင်၏ သားသမီးများ လိုက်နာစောင့်ထိန်းအပ် သောဝတ္တရားဖြစ်သည်။

‘Etis’ ဆိုသော ဂရိဝေါဟာရ “Thos” ဆင်းသက်လာသည်ဟုအဓိပ္ပါယ်ရသည်။ Moral .ity’ ဆိုသည်မှာ လက်တင်ဝေါဟာရ Moralls’ မှဆင်းသက်လာ၍ အဓိပ္ပါယ်မှာ `Customs’ ဓလေ့ – ထုံးစံများ (သို့မဟုတ်) Marners အပြုအမူများ … … ဟုအဓိပ္ပါယ်ရသည်။

ခရစ်ယာန်ကျင့်ဝတ်သည် ခရစ်ယာန်ဘာသာဝင်တို့အတွက် အထူးလိုအပ်သောအရာဖြစ် ခဲ့သည်။ တောင်ပေါ်ဒေသနာတွင် ဖော်ပြထားသော ၂။ မင်္ဂလာတရားတော်အပါအဝင် ပညတ်တရားများသည်ကယ်တင်ခြင်းရရန်မဟုတ်ပေ။ ကယ်တင်ခြင်း ရပြီးသူများ ကောင်းကင်နိုင်ငံခံစားရင်းဝင်ပြီး သူများ

အတွက် ကျင့်ကြံပြုမူရန်ဖြစ်သည်။ ထို့ကြောင့်ခရစ် ယာန်ဘာသာဝင်တို့ ကျင့်ကြရမည့် ကျင့်ဝတ်များ ဖြစ်သည်။

ကျင့်ကြံမှု၊ ကျင့်သုံးမှုများကို အဖန်တလံလဲ ကျင့်သုံးသောအခါ ဓလေ့ထုံးစံများ၊ အလေ့အထများ ဖြစ်လာသည်။ အလေ့အထ၊ ဓလေ့ထုံးစံများကို ထပ်ခါထပ်ခါပြုကျင့်ရာမှ ယဉ်ကျေးမှု၊ ကျင့်ဝတ်တို့ ဖြစ်လာသည်။ ထိုသို့ဖြစ်လာရခြင်း၏ အရင်းအမြစ် ကိုကြည့်လျှင် ကျင့်သုံးမှု၊ ကျင့်ကြံမှုများကြောင့်ဖြစ် သည်။ ကျင့်သုံးမှု၊ ကျင့်ကြံမှုအစမှာ ဟန်ဖိုးထားမှ ကြောင့်ဖြစ်သည်။

ခရစ်ယာန်ကျင့်ဝက်ဆိုသည်မှာ နှုတ်ကပတ် တော်ကို တန်ဖိုးထားရာမှ စတင်ရမည်ဖြစ်သည်။ ခရစ်ယာန်တို့၏ ကျင့်ဝတ်သည် ဘုရားသခင်၏နှုတ် ကပတ်တော်၊ သခင်ယေရှု၏ သွန်သင်ချက်များပင် ဖြစ်သည်။ ထိုအရာအပေါ်တန်ဖိုးထားရာမှ ကျင့်ဝတ် ဟူ၍ဖြစ်လာသည်။ ခရစ်ယာန်ကျင့်ဝတ်ကိုမစောင့် ရှောက်ခြင်းသည် တန်ဖိုးမထားခြင်းဖြစ်သည်။ တန်ဖိုး

ဟုဆိုရာ၌ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် သခင် ယေရှု၏ သွန်သင်ချက်များပင်ဖြစ်သည်။

ထို့ကြောင့် ခရစ်ယာန်ကျင့်ဝတ်ကို လိုက် လျှောက်ရခြင်းဖြစ်သည်။ သို့မှာသာလျှင် ဘုရား သခင်၏နှုတ်ကပတ်တော်နှင့် သခင်ယေရှု၏ သွန် သင်မှုကို တန်ဖိုးထားရာ ရောက်မည်ဖြစ်သည်။ ပတ် ပြုရာကျမ်း ၁၈း၅ဖော်ပြချက်အရ ကျင့်ဝတ်သည် ရှောင်လွဲ၍မရသောအရာဖြစ်သည်။ “ငါစီရင်ထုံး ဖွဲ့ချက်ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင် ရမည်။ ငါသည်ထာဝရဘုရားဖြစ်၏။”ဟု မိန့်တော်မူ ထားသောကြောင့်ဖြစ်သည်။

ထိုသို့ဆိုလျှင် ကျွန်ုပ်တို့ လူငယ်များစဉ်းစား ရတော့မည်။ မိမိ၏အသက်ရှင်မှုပုံစံအား မိမိကိုယ် ကိုင်စမ်းစစ်ရတော့မည်။ မိမိမည်ကဲ့သို့အသက်ရှင်နေ သနည်း။ မိမိသာလျှင်အသိဆုံးဖြစ်သည်။ မိမိသည်ခ ရစ်ယာန်ဖြစ်ခြင်းကို တန်ဖိုးထားသောသူ ဖြစ်ခဲ့ပါမူ အထက်တွင်ဖော်ပြခဲ့သည်အတိုင်း အသက်ရှင်နေ ထိုင်ကြရမည်။

ခရစ်ယာန်လူငယ်ဖြစ်၍ ကယ်တင်ခြင်းခံရ သော သူမှန်လျှင် ခရစ်ယာန်တို့၏ကျင့်ဝတ်ကို လိုက် လျှောက်ရမည်ဖြစ်သည်။ ခက်ခဲသောအရာမဟုတ် ပေ။ ဘုရားသခင်၏နှုတ်ကပတ်တော်၊ သခင်ယေရှု ၏သွန်သင်မှုကို အမှန်တကယ်လက်ခံရန်သာဖြစ် သည်။ အမှန်တကယ်လက်ခံနိုင်လျှင် ဓာတ်အား ဖြင့်အသက်ရှင်နေသ၍ အမှန်တကယ်ကယ်တင်ခြင်း မရရှိသေးသည်မှာ သေခြာလှသည်။ ကယ်တင်ခြင်းမ ရသောသူအတွက် ခရစ်ယာန်ကျင့်ဝတ်သည်လည်း လိုက်လျှောက်ရန် အလွန်ခက်ခဲနေပေလိမ့်မည်။

Categories: Magazine