စံပြုထိုက်သော မိန်းမ
ရာမာန်မိုး
စံပြုထိုက်သောမိန်းမဟု ပြောဆိုလျှင် မည်သည့်အရာ နှင့် နှိုင်းယှဉ်ရမည်နည်း။ ဤမေးခွန်းကို ဖြေလျှင်လည်း အမျိုး မျိုးသော အကြောင်းအရာများဖြင့် ဖြေဆိုတတ်သည်။ အချို့က မိန်းမများတို့သည် မိမိခင်ပွန်းသည်အား လိုလေသေးမရှိ ပြုစု ခြင်း၊ မယားဝတ္တရားငါးပါးနှင့် ကျေပွန်သော အမှုအရာအား ဖြင့် လုပ်ကျွေးမှုပြုသော မိန်းမကို စံပြုထိုက်သော မိန်းမဟု ခေါ် သည်။ အချို့က စံပြုထိုက်သောမိန်းမဆိုသည်မှာ ယောက်ျားတစ်ဦးကဲ့သို့ လုပ်ဆောင်နိုင်သောသူဟု ပြောဆိုသည်။ အကယ်၍မိန်းမတစ်ဦးသည် ဝန်ကြီးချုပ်တစ်ဦးအဖြစ်သော်လည်း ကောင်း၊ သမ္မတတစ်ဦးအဖြစ်သော်လည်းကောင်း၊ တိုင်းပြည်၏ တာဝန်ကို ထမ်းဆောင်ခဲ့လျှင် စစ်ပွဲနှင့်ပတ်သက်သောအရာ၊ တိုင်းပြည်၏ အမှုရေးအမှုရာ၊ အစာငတ်မွတ်ခေါင်းပါးခြင်း စသည့် အရေးကိစ္စများတို့ကို ဖြေရှင်းရသောသူဖြစ်သောကြောင့်စံပြုထိုက်သော မိန်းမဖြစ်သည်။ ယေဘုယျအားဖြင့် စံပြုထိုက်သော မိန်းမနှင့်ပတ်သက်၍ မိမိ၏ ယူဆချက်များသည် မှန် ကန်သော အဖြေများ ဖြစ်သည်။
စံပြုထိုက်သော မိန်းမအကြောင်းနှင့်ပတ်သက်၍ ရှည် ရှည်ဝေးဝေး မရှာသင့်ပါ။ သမ္မာကျမ်းစာ၌ သုတ္တံ ၃၁း၁၀ ၃၁ တွင် ပြည့်စုံစွာ ဖော်ပြထားသည်။ ဘုရားသခင်သည် စံပြု ထိုက်သောမိန်းမဖြစ်ရန် သုတ္တံကျမ်းအားဖြင့် သွန်သင်ထား ပါသည်။ သမ္မာကျမ်းစာ၌ သီလနှင့် ပြည့်စုံသော မိန်းမဟု ဖော်ပြထားပါသည်။ အင်္ဂလိပ်သမ္မာကျမ်းစာတွင် virtuous woman ဟု သုံးထားပါသည်။ ဘုရားသခင်သည် အမျိုးသား ကြီးစိုးသောဝါဒသမား မဟုတ်ပါ။ ဖန်ဆင်းရှင် ဘုရားသခင် ဖြစ်သည်။ အမျိုးသမီးကိုလည်း ဖန်ဆင်းခဲ့သောသူတစ်ဦး ဖြစ် သည်။ ယောက်ျားများအတွက် မည်ကဲ့သို့ ဖြည့်စွမ်းရမည် ကိုသိသော ဘုရားလည်း ဖြစ်သည်။ သုတ္တံကျမ်း (၃၁)၌ ဖော်ပြ ထားသော မိန်းမသည် ဘုရားသခင်က အမျိုးသမီးများ၏ အခန်းကဏ္ဍကို ချိုးနှိမ်ထားခြင်းမဟုတ်၊ မြှင့်တင်ပေးထားသော စကားဖြစ်သည်။ ထို့ကြောင့် မိန်းမတို့သည် ခံစားမှု မဖြစ်ဘဲ မိမိတို့၏ အသက်တာကို သာ၍ ကောင်းအောင် ကြိုးစားရမည်။ စံပြုထိုက်သော မိန်းမအကြောင်းနှင့်ပတ်သက်၍ သုတ္တံ ၃၁း၁၀ ၃၁ ၌ ဖော်ပြထားခြင်းကို ဆက်လက်လေ့လာကြပါစို့။
မိန်းမဟူသည်မှာ
၁။ဇနီးသည်ကောင်းတစ်ဦးအဖြစ် တန်ဖိုး ရှိရမည်
ထိမ်းမြားခြင်းမပြုသောမိန်းမသည် သုတ္တံကျမ်း၌ ဖော် ပြထားသော စံပြုထိုက်သောမိန်းမတစ်ဦး၏ အရည်အချင်းနှင့် ပြည့်စုံရန် မလိုအပ်ပါဟုခံယူလျှင် မှားပါသည်။ သမ္မာကျမ်းစာ တွင် ထိမ်းမြားခြင်းသည် ယောက်ျားနှင့်မိန်းမတို့ကို အတူတကွ ပေါင်းသင်းနေထိုင်ရန် အသိအမှတ်ပြု၍ ကောင်းချီးပေးခြင်း ဖြစ်သည်။ သို့သော်လည်း တစ်ဦးတည်းနေလျှင်လည်း ကောင်း သည်ဟု ၁ကော ရ တွင် ဖော်ပြထားသည်။ အားငယ်စရာ မရှိပါ။ အကယ်၍ ထိမ်းမြားရန် ရည်ရွယ်ချက်ရှိပါက (သို့) အိမ်ထောင်သည် တစ်ဦးဖြစ်ခဲ့လျှင် ဘုရားသခင်သည် သင့် အား တန်ဖိုးရှိသောဇနီးတစ်ဦးဖြစ်ရန် မျှော်လင့်သည်။ အဘယ် ကြောင့် တန်ဖိုးရှိသော ဇနီးတစ်ဦး ဖြစ်စေပါသနည်း။
တန်ဖိုးရှိသော ဇနီးသည် ယောက်ျားကို ဆန့်ကျင် သောသူတစ်ဦး မဟုတ်ဘဲ ယောက်ျားနှင့်အတူ အလုပ်လုပ် ခြင်း ဖြစ်သည်။ လင်နှင့်မယား၊ ဖခင်နှင့် မိခင်တို့သည် အသင်းတစ်သင်းကဲ့သို့ စုပေါင်းလုပ်ဆောင်လျှင် ရည်မှန်းချက်ပန်းတိုင် သို့ ရောက်ရှိမည်။ ပျော်ရွှင်သော မိသားစုကို တည်ဆောက်နိုင် မည်။ သင်သည် တန်ဖိုးရှိသော ဇနီးသည်တစ်ဦးဖြစ်လိုလျှင် ခင်ပွန်းသည်နှင့်အတူတကွ လုပ်ဆောင်ရမည်။ “သီလနှင့် ပြည့်စုံသော မိန်းမကို အဘယ်သူ တွေ့ရသနည်း။ ထိုသို့သော မိန်းမသည် ပတ္တမြားထက် အဘိုးသာ၍ ထိုက်ပေ၏။ သူ၏ ခင်ပွန်းသည် သူ့ကိုယုံ၍ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။ ထိုမယားသည် မိမိခင်ပွန်းအကျိုးကိုမဖျက်၊ တစ်သက်လုံး ပြုစု တတ်၏” (သုတ္တံ ၃၁း၁ဝ-၁၂)။ ၂။ သန်စွမ်းသော လုပ်ဆောင်သူတစ်ဦး ဖြစ်ရမည်
ဇနီးသည်နှင့် ခင်ပွန်းသည်တို့သည် မိသားစုအတွက် ထောက်ပံ့မှု၊ တည်ဆောက်မှုလုပ်ရန် ဦးတည်ချက် ရှိရမည်။ အတူတကွ လုပ်ဆောင်ရမည်။ မိဘဖြစ်သောသူသည် ပျင်းရိ ခြင်း မရှိရပါ။ စံပြုထိုက်သော ဇနီးသည်တစ်ဦးသည်လည်း ပျင်းရိသောသူ မဖြစ်ရပါ။
(က) အိမ်တွင်ကြိုးစားပြီး အလုပ်လုပ်ရမည်
အချို့က မိန်းမ၏ အလုပ်သည် အိမ်ထောင်အတွင်း၌ သာ ရှိသည်ဟု ခံယူထားပါသည်။ အပြင်တွင် အလုပ်လုပ်ရန် မနှစ်သက်ကြပါ။ အားမပေးကြပါ။ ယနေ့ တိုးတက်ပြောင်းလဲ နေသော ကမ္ဘာတွင် မိခင်များ၊ မိန်းမများတို့သည် ယောက်ျား များနှင့် ရင်ဘောင်တန်းပြီး အလုပ်လုပ်နေကြသည်။ သူနာပြု ဆရာမများ၊ ကျောင်းဆရာမများ၊ ကလေးပြုစုရေးဆရာမများ၊ စားဖိုမှူးများ စသည်ဖြင့် တာဝန်ယူနေကြသည်။ အမေရိကန်နိုင်ငံရှိ အချို့သော မိန်းမတို့သည် ခင်ပွန်းသည်နှင့်အတူ ကုန် တင်ကားကြီးများကို မောင်းနှင်ကြသည်။ မိသားစုကို ထိန်း သိမ်းပြီး တည်ဆောက်နိုင်ရန် ခက်ခဲပင်ပန်းစွာဖြင့် အလုပ်လုပ် ကြသည်။ ထို့ကြောင့် ဇနီးသည်မိန်းမတို့သည် မိမိ၏ အိမ်သို့ ရောက်သောခါ မပျင်းရိဘဲ အလုပ်လုပ်ရမည်။ ထို့နည်းတူ ခင်ပွန်းသည်ယောက်ျားများတို့သည်လည်း ပျင်းရိခြင်း မရှိရပါ။ အိမ်တွင် ဇနီးသည်တို့ကို ကူညီရမည်။ လက်အားဖြင့် ဝိုင်းဝန်း ကူညီခြင်း လုပ်ဆောင်ရန် လိုပါသည်။ (သုတ္တံ ၃၁း၅-၁၇)။
(ခ) ကောင်းသောအလုပ်ကို ကြိုးစားလုပ်ဆောင်သောသူ ဖြစ်ရမည်
ဂရုစိုက်၍ အလုပ်လုပ်သော မိန်းမကို ဆိုလိုပါသည်။ သုတ္တံ ၃၁း၁၉ “ချည်ဖြစ်စေတတ်သော တန်ဆာတို့ကို ကိုယ် လက်နှင့်ကိုင်၍ လုပ်ဆောင်တတ်၏။” သုတ္တံ ၃၁း၂၄ “ချော သော အထည်အလိပ်ကို ရက်၍ ရောင်းတတ်၏။ ခါးစည်းတို့ ကိုလည်း ကုန်သည်၌ ချတတ်၏။ အလုပ်ကို ကြိုးစားလုပ် ဆောင်သော မိန်းမသည် ရောင်းဝယ်ခြင်း၊ ကူးသန်းခြင်းကို လုပ်ဆောင်သောသူဖြစ်သည်ဟု သုတ္တံကျမ်းက ဖော်ပြထားပါ သည်။ စံပြုထိုက်သော အမျိုးသမီးသည် အိမ်အပြင်တွင် အလုပ်လုပ်ရန် သတ်မှတ်ထားခြင်း (commended) သာ ဖြစ်သည်။ စီရင်ချက်ချထားခြင်း (not condemned) မဟုတ် ပါ။ အမျိုးသမီးများ အိမ်အပြင်တွင် အလုပ်မလုပ်လျှင် မိမိ၏ သားသမီးများ ခင်ပွန်းသည်၏ အကျိုးများကို အကျိုးရှိအောင် လုပ်ဆောင်ပေးရမည်။ အကယ်၍ အိမ်ပြင်ပတွင် အလုပ်လုပ် လျှင် ကိုယ့်ကိုယ်ကို မိန်းမမြတ်မဟုတ်၊ မိခင်ကောင်းတစ်ဦး မဟုတ်ဟုလည်း မခံယူပါနှင့်။ သင်သည် ကောင်းသောမိန်းမ၊ ကောင်းသောမိခင်ဖြစ်ကြောင်း မိသားစုကို မည်မျှ ကူညီထောက် ပံ့ခြင်းအပေါ်တွင် မူတည်ပါသည်။
(ဂ) အလုပ်ကြိုးစား၍ စီမံခန့်ခွဲမှု ကောင်းသောသူ ဖြစ်ရ မည်
စံပြုထိုက်သောမိန်းမသည် ငွေတန်ဖိုးကို နားလည် သောသူ ဖြစ်ရမည်။ မိသားစု၏ သက်မွေးဝမ်းကြောင်း လုပ်ငန်း ကို ဖြုန်းတီးသောသူ မဖြစ်ရပါ။ မိမိ၌ရှိသော ငွေဖြင့် မိသားစု အတွက် ဝယ်ယူစုဆောင်းတတ်သောသူ ဖြစ်ရမည်။ စံပြမိန်းမ သည် တန်ဖိုးရှိသောမိန်းမ၊ သန်စွမ်းသောမိန်းမ ဖြစ်ရမည်။ (သုတ္တံ ၃၁း၁၃-၁၆)။
(ဃ) စင်ကြယ်သောသူ ပါရမီနှင့် ပြည့်စုံသောသူ ဖြစ်ရ မည်
လူ့အသိုင်းအဝိုင်းတွင် အမျိုးသမီးကိုကြည့်သော မျက်လုံးသည် သာမန်ထက် ထူးခြားသည်။ စံပြုထိုက်သော အမျိုးသမီးသည် သာမန်အမျိုးသမီးများထက် ပို၍ အကြည့် ခံရသည်။ သူမသည် စွမ်းအားရှိသော အရာဝတ္ထုတစ်ခု ဖြစ်ပါ သည်။ ပညာပါရမီရှိပြီး မှန်ကန်သော ဆုံးဖြတ်ချက်နှင့် လုပ် ဆောင်တတ်သောသူလည်း ဖြစ်သည်။ သနားကြင်နာတတ် သောသူ၊ စည်းစနစ်ရှိသောသူလည်း ဖြစ်သည်။ သူမ၏ အနေ အထိုင်၊ အပြုအမူကြောင့် လူအများတို့က ဝမ်းမြောက်ဂုဏ် ယူရသောသူ ဖြစ်သည်။ (သုတ္တံ ၃၁း၂၀၊ ၂၅-၂၆)။
၃။ ချီးမွမ်းထိုက်သော အရည်ချင်းရှိသူ ဖြစ်ရမည်
သုတ္တံ ၃၁း၂၈-၃၁ တွင် စံပြုထိုက်သော မိန်းမနှင့် ပတ်သက်၍ ချီးမွမ်းထားသည်။ ခင်ပွန်းသည်၊ ဆယ်ကျော်သက် အရွယ်လူငယ်များ၊ ကလေးများက အဘယ်ကြောင့် ထိုမိန်းမ ကို ချီးမွမ်းရသနည်း။ အကြောင်းမှာ
(က) သူမသည် ကောင်းမွန်သော အကျင့်စရိုက်ရှိသောသူ ဖြစ်သည်။
(ခ) သူမသည် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသောသူ ဖြစ် သည်။
(ဂ) သူမသည် ဘုရားတရား ကြည်ညိုကိုင်းရှိုင်းသောသူ ဖြစ် သည်။
ယဉ်ကျေးမှုအရ မိန်းမများတို့သည် ခင်ပွန်းသည်နှင့် သားသမီးများတို့အား ပြုစုပေးသောသူအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ သို့သော်လည်း ပြောင်းလဲနေသော ခေတ်ရေစီး ကြောင်းတွင် မိန်းမများတို့သည် မိသားစုစားဝတ်နေရေးအ တွက် ယောက်ျားများနှင့် ရင်ဘောင်တန်းပြီး အလုပ်လုပ် နေရ သည်။ မိန်းမတို့၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး ရှုထောင့်အမျိုး မျိုးမှ ဝေဖန်ပြောဆိုကြသည်။ မည်သို့ပင်ဖြစ်စေကာမူ သုတ္တံ ကျမ်းအရ ကောင်းမွန်သောမိန်းမ၊ စံပြုထိုက်သောမိန်းမတို့ သည် အိမ်ထောင်၏တာဝန်ဝတ္တရားများအပြင် မိမိနှင့်သက် ဆိုင်သောစီးပွားရေးလုပ်ငန်းကို ဦးဆောင်၍ လုပ်ဆောင်ကြောင်း ကို ဖော်ပြထားသောကြောင့် ယနေ့ အမျိုးသမီးများအတွက် အတုယူစရာကောင်းသောအရာ ဖြစ်သည်။ အမျိုးသမီးတိုင်း စံပြုထိုက်သောမိန်းမဖြစ်ရန် ကြိုးစားသင့်ပေသည်။