ဟီးရိုးဆိုတာ… တကယ်တော့ အဖေပါပဲ

အန္တရာယ်နဲ့ ကြုံတဲ့အခါ ဟီးရိုးဟာလည်း

လက်စွဲတော် ဖြစ်သွားနိုင်တာပါပဲ။

ဟီးရိုးတွေမှာ အပြုံးတွေရှားတယ်တဲ့

သင်မြင်အောင် ကြည့်လှည့်ပါ

အပြုံးတွေဟာ… သူ့အပြုအမူတွေမှာပါ။

ဟီးရိုးတွေဟာ…

ဒဏ်ရာတွေကို ဖုံးဖိထားတတ်ကြတယ်

နာကျင်စရာတွေ မြင်တဲ့အခါ

သင်ဝမ်းနည်းမှာ စိုးလို့ပါ။

မိသားစုအတွက် အသက်တောင်

ပေးဆပ်နိုင်တဲ့အခါ … ဟီးရိုးတွေဟာ .. …

တကယ်ကို ရဲရင့်လွန်းတယ်ဗျာ။

ဟီးရိုး