လူတိုင်း လုပ်နိုင်တဲ့ အလုပ်
သန်လျင် ကိုကိုဇင်
ရွက်နု ဝေရင်
ရွက်ဟောင်း ကြွေရစမြဲ
ဒါပြောင်းလဲတဲ့နိယာမ
သဘောတရားတွေ
ဇရာပိုင်းရောက်တော့
မိုဘိုင်းဖုန်းလည်း မပွတ်နိုင်
ဟိုယိုင်ဒီယိုင် အိုးနင်းခွက်နင်း ဖြစ်ကရော့၊
သံဝေဂ
မစဉ်းစားမိဘူး
နိယာမ
မေ့ထားတဲ့ပုံ
ဝုန်းဒိုင်းဖြစ်ကာမှ
ဘုရားတ
ဆေးရုံဆေးခန်းကျတော့
ရက်ချိန်းကိုမှန်လို့
အိမ်မှာလည်း
အသေးစားဆေးပေးခန်း
ဖွင့်လို့ရနေပြီ
ဆေးတွေကတစ်ပုံတစ်ခေါင်း။
… လေအတိုက်ပြိုက်ခနဲ ကြွေ
ချိန်ကိုက်မိုင်း ကွဲသလို
သေရမှာ ကြောက်နေပြီလေ။
သမားတော်နဲ့ ဆေးတွေက
ဝေးသွားပြီ ပြေးသွားပြီ
ကဲထုံးစံအတိုင်း
လုပ်စရာတစ်ခုပဲကျန်တယ်
နောက်ဆုံးတော့
ဒီဘူတာ ဆိုက်တာပဲ။ ။
ဘုရားသခင်အလိုတော်ပါ