စစ်ဝတ်တန်ဆာ အပြည့်အစုံ ဝတ်ဆင်ပြီး ကြောက်မက် ဖွယ်ရာ လက်နက်များနှင့် အင်မတန် စစ်ရေးကြွယ်လှသော ဖိလိတ္တိတပ်မှ စစ်သူရဲကြီးဂေါလျတ်အား သိုးကျောင်းသား လူငယ် လေး ဒါဝိဒ်က တစ်ဦးချင်း စစ်ထိုးမည်ဆိုသောအခါ ဣသရေလ တစ်တပ်လုံး အံ့အားသင့်ရသည်။ သူ့အစ်ကိုကြီး လျောဘက ပြစ်တင်စကားဆိုသည်။ ဘုရင်ရှောလုက ဒါဝိဒ်နှင့် ဂေါလျတ်တို့ ၏ အခြေအနေ၊ အရည်အချင်း ကွာခြားပုံကို ထောက်ပြ၍ မည် သို့မျှ မဖြစ်နိုင်ဟုဆိုကာ တားမြစ်သည်။ သို့သော် မည်သို့မျှ တား၍ မရသည့်အဆုံး၌ ဘုရင်ရှောလု ခွင့်ပြုလိုက်ရသည်။ ဤ သည်ပင် သူ့တိုင်းပြည်၊ သူ့လူမျိုး၊ သူ့ဂုဏ်သိက္ခာအတွက် နောက် ဆုံးသော ကောက်ရိုးတစ်မျှင်ပင် မဟုတ်ပါလား။
ရှောလုနှင့် ဣသရေလတစ်တပ်လုံး စိတ်ပျက်ကြောက် ရွံ့နေသော ဂေါလျတ်အား သွားတိုက်မည့် ဒါဝိဒ်အား ရှောလုက မိမိ၏ ကိုယ်ပိုင်လက်နက်စုံကို တပ်ဆင်ပေးသည်။ ကြေးဝါခမောက် ကို ဆောင်းပေးပြီးလျှင် သံချပ်အင်္ကျီကို ဝတ်ဆင်စေသည်။ သံ ချပ်အင်္ကျီအပေါ်တွင် ရှောလု၏ဓါးကို ချိတ်ဆွဲကာ ဒါဝိဒ်လမ်း လျှောက်ကြည့်သည်။ စစ်ဘီလူး ဂေါလျတ်နှင့် တိုက်မည့်သူတစ် ယောက်အတွက် ထိုသို့သော လက်နက်များမှာ မတပ်ဆင်မဖြစ် တပ်ဆင်ရမည့် လက်နက်များပင် ဖြစ်သည်။ သို့သော် ဒါဝိဒ် အားလုံးကို ပြန်ချွတ်လိုက်သည်။ ထိုစစ်တန်ဆာများနှင့် ဒါဝိဒ် တစ်ခါမျှ ရင်းနှီးကျွမ်းဝင်ခြင်း မရှိခဲ့။ သူရင်းနှီးကျွမ်းဝင်မှု ရှိသည် ကား သိုးထိန်းတန်ဆာတည်းဟူသော သူ၌ အမြဲရှိသော တောင်ဝှေး၊ လောက်လွှဲနှင့် ခဲလုံးအချို့။ ဂေါလျတ်အား စစ်ထိုးရန် သူ့ အတွက် သူ့စစ်တန်ဆာကား ထိုမျှလောက်သာ။ ဒါဝိဒ်လေးသည် ဂေါလျတ်ရှေ့တွင် မလောက်လေး မလောက်စား ရယ်စရာ သတ္တဝါ လေးတစ်ကောင်ကဲ့သို့ ဖြစ်နေလင့်ကစား၊ ဣသရေလလူမျိုးများ အတွက် အားမလို အားမရ အသွင်ဆောင်နေသော်လည်း နှစ် ဦးစစ်ထိုးပွဲကား အဆုံး၌ လောက်လွှဲနှင့် ခဲတစ်လုံးအားဖြင့် ဂေါ လျတ်ကြီး ကျရှုံးခဲ့ရလေသည်။ ဖိလိတ္တိတစ်တပ်လုံလည်း အရေး နိမ့်ကာ ထွက်ပြေးကြရတော့သည်။ အကယ်စင်စစ် ဒါဝိဒ်၏ အောင်နိုင်ခြင်းသည် သူသတ္တိရှိ၍ မဟုတ်သကဲ့သို့ လောက်လွှဲ ပစ် ကျွမ်းကျင်လှ၍လည်း မဟုတ်ပါ။ သူကိုးကွယ်သော ဘုရား သခင်၏ နာမ၌ အကြွင်းမဲ့ အမှီပြုခြင်းသာ ဖြစ်သည်။
ပရောဖက်တစ်ဦး၏ မိန်းမသည် သူမလင်ယောက်ျား သေဆုံးသွားချိန်တွင် သားနှစ်ဦးဖြင့် မုဆိုးမဘဝရောက်ကာ အကြွေးများဖြင့် ကျန်ရစ်ခဲ့သည်။ ကြွေးရှင်မှာ ၄င်းရရှိရန် အကြွေး အတွက် မုဆိုးမထံမှ မျှော်လင့်စရာ မရှိသောအခါ သားနှစ်ဦးအား သူ့ထံ၌ ကျွန်ခံစေရန် ပြောလာသည်။ သားနှစ်ဦးဖြင့် ရုန်းကန် ရှာဖွေ စားသောက်နေရသော မုဆိုးမတစ်ယောက်၏ဘဝ သောက ဗျာပါဒကား ကြီးမားလှသည်။ သားနှစ်ဦးမရှိလျှင် မိမိတစ်ဦးတည်း ရှာဖွေစားသောက်ရမည့်အရေးထက် မိခင်တစ်ဦး၏ သားသမီး အပေါ် ထားရှိသော မေတ္တာက သူတစ်ပါးထံ ကျွန်ဖြစ်စေမည့် အရေးကြောင့် ပို၍ပူလောင်စေမည်ဖြစ်သည်။ ကြွေးဆပ်ရန်ကိစ္စ ကား သူမအတွက် မစဉ်းစားဝံ့စရာ၊ သူမအိမ်၌ သံလွင်ဆီအိုး ကလေးတစ်လုံးမှအပ အခြား အဘယ်အရာမျှ မရှိပါ။ မုဆိုးမ သည် ပရောဖက် ဧလိရှဲထံသို့ သွား၍ သူမ၏ အခက်အခဲကို ရှင်းပြသည်။ ထိုအခါ ပရောဖက် ဧလိရှဲက “သင်၌ အဘယ်အရာ ရှိသနည်း”ဟု မေးသည်။ ရှိသည်က သံလွင်ဆီအိုးကလေးတစ် လုံး။ သို့ရာတွင် ပရောဖက်၏ ညွှန်ကြားချက်စကားအတိုင်း အိမ် နီးချင်းများထံမှ အိုးအလွတ်များ ငှါးရမ်းကာ မူလဆီအိုးကလေး မှ ပွားများလိုက်သော ပရောဖက်၏ နိမိတ်လက္ခဏာကြောင့် အကြွေးအားလုံး ကြေအေးရုံမက သားအမိသုံးဦးအသက်မွေး ရန်ပင် အရင်းအနှီးကလေးများ ကျန်ရစ်နေခဲ့သေးသည်။ (၄ရာ ၄း၁-၅)။
ဣသရေလတိုင်းပြည်၌ (၃)နှစ်လုံးလုံး မိုးခေါင်းသည့်အချိန်၊ ဆင်းရဲသော ဇရတ္တမြို့ သူ မုဆိုးမ သားအမိထံသို့ ပရော ဖက်ဧလိယရောက်လာသည်။ သောက်ရေတစ်ခွက်တောင်းသောက် ပြီး မုန့်အနည်းငယ်ကိုလည်း ထပ်မံတောင်းသောအခါ မုဆိုးမ မှ သူမ၌ မုန့်တစ်ချပ်ပင် မရှိကြောင်း၊ မုန့်ခွက်ထဲတွင် မုန့်ညက် လက်တစ်ဆုပ်စာနှင့် ဆီဘူးတွင် ဆီအနည်းငယ်မျှသာ ရှိတော့ ကြောင်း၊ ယင်း ရှိစုမဲ့စုမုန့်နှင့် ဆီကလေးသည် သူမတို့ သား အမိအတွက် နောက်ဆုံးသော အစာပင်ဖြစ်၍ ထိုအစာကို စား ပြီးလျှင် အစာငတ်ပြတ်၍ သေဖို့ရန်သာ ရှိတော့ကြောင့် ပြော လေသည်။ ပရောဖက်ဧလိယကလည်း စိုးရိမ်စရာအကြောင်း မရှိ၊ သူစားမည့် မုန့်ပြားကိုသာ အရင်ဖုတ်၍ ယူလာခဲ့ရန်၊ ပြီးမှ ကျန်သည့် မုန့်ညက်ဖြင့် သူတို့သားအမိ မုန့်လုပ်စားရန်၊ ဣသ = ရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားက မိုးကို မရွာ စေမီကာလအတွင်း မုန့်ညက်တွင် မုန့်မပြတ်၊ ဆီဘူးတွင်လည်း ဆီပြတ်ရလိမ့်မည် မဟုတ်ကြောင်း ပြန်ပြောလေသည်။ မုဆိုးမ သည် ဧလိယပြောသည့်အတိုင်း ပြုသဖြင့် သားအမိနှစ်ဦး ရက် ပေါင်းများစွာစားရန်အတွက် အစားအစာနှင့် ဆီအလုံအလောက်ရရှိလေသည်။ (၃ရာ ၁ရး၁၀-၁၆)။
ဂါလိလဲအိုင်ကမ်းစပ်တစ်နေရာ ညချမ်းအချိန်၌ သခင်ယေရှုနောက်လိုက်ကြသော လူထုကြီးအတွက် ညစာ အခက်တွေ့ ရလေသည်။ တပည့်တော်များက လူတို့အား ကျေးရွာများသို့ သွား၍ အစားအစာ ဝယ်ယူခွင့်ပေးရန် သခင်ယေရှုထံ လျှောက် = ထားကြသောအခါ သခင်ယေရှုက ကန့်ကွက်လိုက်သည်။ လူထု ကြီးအတွက် စားစရာကို တပည့်တော်တို့အား ပေးခိုင်းသောအခါ တပည့်တော်တို့က မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာရှိကြောင်း ပြန် လျှောက်လျှင် သခင်ယေရှုက ထိုမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ယူလာခဲ့ရန် မိန့်တော်မူလေသည်။ ထို့နောက် ၄င်းမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ မျှော်ကြည့်လျက် ဘုရား သခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလိုက်သောအခါ လူအပေါင်း ငါးထောင်အ၀ စားရကြသည်သာမက အကြွင်းအကျန်များပင် (၁၂)တောင်း ကောက်သိမ်းရလေသည်။ (မ ၁၄း၁၅-၂၁)။
သိုးကျောင်းသားဒါဝိဒ်က သူ၌ရှိသော သိုးထိန်းတန်ဆာ များဖြင့် စစ်သူရဲကြီး ဂေါလျတ်အား အောင်နိုင်ခဲ့သည်။ အကြွေး များဖြင့် အပူမီးဝိုင်းနေသော မုဆိုးမသားအမိ သုံးဦးသည် မိမိတို့၌ရှိသော သံလွင်ဆီအိုးကလေးတစ်လုံးဖြင့် အကြွေးပြဿနာ ဖြေရှင်းနိုင်ရုံမက ရင်းနှီးစားသောက်ရန်ပင် ရရှိခဲ့သည်။ ဇရတ္တမြို့ သူ မုဆိုးမသည် မိမိ၌ ရှိသည့် နောက်ဆုံးသောအစာ မုန့်ညက် လက်တစ်ဆုပ်စာနှင့် ဆီအနည်းငယ်ကို အမှီပြု၍ ရက်ပေါင်းများ စွာ အစားသောက်ဖူလုံခွင့် ရရှိခဲ့သည်။ သခင်ယေရှုက ညအချိန် တွင် လူထုကြီးအတွက် စားရန် အစာအား တပည့်တော်တို့၌ ရှိသော မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုသာ အာရုံစိုက်၍ တိုးပွား အောင် လုပ်ဆောင်ခဲ့သည်။
မရှိတာထက် မသိတာခက်သည်တဲ့။ မိမိ၌ ရှိသည့်အရာ များကို မသိသည်က ယုံကြည်သူခရစ်ယာန်များနှင့် အသင်းတော် များအဖို့ ပို၍ ခက်ခဲပေလိမ့်မည်။ ဘုရားသခင်က ကျွန်ုပ်တို့၌ မရှိသော ကြီးကျယ်ခမ်းနားမှုများကို မတောင်းဆိုပါ။ သင်တို့၌ ရှိသည့်အတိုင်း ငါ့ထံသို့ လာခဲ့ပါဟူ၍သာ တောင်းဆိုနေသည်။ ကျွန်ုပ်တို့၌ ရှိနေသည့်အရာမှာ အားနည်းသည့်အရာ၊ သေးငယ် သည့်အရာဖြစ်ချင် ဖြစ်နေပေလိမ့်မည်။ သို့ရာတွင် ထိုအရာကို သာ ဘုရားသခင် စိတ်ဝင်စားပါသည်။ ကျွန်ုပ်တို့ထံမှ သေးငယ် …သောအရာများသည် ဘုရားသခင်လက်တော်ထဲတွင် အစဉ် များ ပြားကြီးပွားလျက် ရှိပါသည်။ ကျွန်ုပ်တို့ လက်ထဲမှ အားနည်း သည့်အရာများသည် ဘုရားသခင် လက်တော်ထဲတွင် အောင်မြင် ခြင်း ဆုသရဖူများသာ ဖြစ်သည်။
မိမိ၌ရှိသည့်အရာများတို့ကို လျစ်လျူရှုလျက် ညည်းတွား မြည်တမ်းနေခြင်းကား အကျိုးမရှိ။ ညည်းတွားမြည်တမ်းခြင်း၌ အကျိုးရှိနိုင်သကဲ့သို့ အပြစ်လည်း သင့်နိုင်ပါသည်။ တိုင်းတစ်ပါး၌ ကျွန်ဘဝရောက်နေသော ဣသရေလလူမျိုးများ၏ မြည်တမ်းခြင်း ကို ဘုရားသခင် သနားသည်။ (ထွ ၃းရ)။ သို့သော် ခါနန်ပြည် သို့ ပို့ဆောင်ရာ ခရီးလမ်း၌ တဗျစ်တောက်တောက် မြည်တမ်း နေခြင်းကိုကား အမျက်တော်ထွက်ပေသည်။ (တော ၁၁း၁)။ ဘုရား သခင်က ကျွန်ုပ်တို့အား အပ်ပေးထားသည့် အရာများသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုင်းထွာနေပါသည်။ ကျွန်ုပ်တို့ … ၏ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အတွက် ကောင်းချီးမင်္ဂလာ ဖြစ် စေနိုင်သကဲ့သို့ ကျိန်ခြင်းအမင်္ဂလာများလည်း ဖြစ်သွားစေနိုင်ပါသည်။