ပျိုမျစ်ခြင်းရဲ့ အဘိဓာန်

ပျိုမျစ်ခြင်းဟာ   အရာရာကို

စွမ်းဆောင်နိုင်တယ်

တိုင်းပြည်အတွက်

အသင်းတော်အတွက်

လူမျိုးအတွက်

သာသနာအတွက်

ခွန်အားအပြည့်ရှိတယ်

ရဲရင့်ခြင်းလဲရှိတယ်

မကြောက်ဘူး

နောက်မဆုတ်ဘူးဆိုတဲ့

အသိတရားကို ရင်မှာပိုက်ပြီး

အတားအဆီးတွေကို

ထိုးဖောက်တတ်တဲ့

သဘောတရားဟာလဲ

ပျိုမျစ်ခြင်းရဲ့

သင်္ကေတပါ. .

ပန်းကောင်းတပွင့်ဟာ

အမြဲတမ်း

လှပနေသလို

ကျောက်ကောင်းတပွင့်လဲ

တန်ဖိုးအနဂ္ဃပါ

ပန်းကောင်း ကျောက်ကောင်း

တပွင့်လို နပျိုချိန်မှာ

လှပတန်ဖိုးရှိနေဆဲပဲ

ရေပေါ်မှာပ နံတင့်နေတဲ့

ကြာပန်းတပွင့်ဟာ

ဘယ်အချိန်ကြည့်ကြည့်

အမြဲတမ်းနုသစ်

လန်းဆန်းနေတတ်တယ်. .

တကယ်တော့

ငယ်ရွယ်တဲ့

အသက်တာဟာ

သူတစ်ပါးအတွက်

အလင်းဖြစ်စေဖို

စကားပြောခြင်း

ကျင့်ကြံပြုမူခြင်း

သူတပါးကို

ချစ်တဲ့နေရာမှာ သစ္စာစောင့်ခြင်း

ဝိညာဉ်ရေးရာမှာ ရင့်ကျက်မှုရှိပြီး

ဖြူစင်သန့်ရှင်းစွာ

အသက်ရှင်တတ်ဖို့

ယုံကြည်သူတွေကို

ပုံသက်သေပြလော့ ဆိုတဲ့

( တိ၄း၁၂)

ကျမ်းစကားအရ ဒါဟာ

ပျိုမျစ်ခြင်းရဲ့

အဘိဓာန်တခုပဲပေါ့. . .

                                                  သာကလဲ

                                              (ရေးဆင်း)