ဆိုး

အခြေပြုကျမ်းချက်

ချစ်သူတို့ ငါတို့သည် အချင်းချင်း ချစ်ကြကုန်အံ့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့် စပ် ဆိုင်၏။ ချစ်တတ်သောသူ မည်သည်ကား ဘုရားသခင် ဖြစ်ပွားစေတော်မူသောသူ ဖြစ်၏။ ဘုရားသခင်ကို သိသောသူ လည်း ဖြစ်၏။ ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ၊ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ် တော်မူ၏။ (ရှင်ယောဟန်ဩဝါဒစာပထမစာစောင် ၄း၇-၈)။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏ (God is Love) ဟူသော စကားလုံးက ယုံကြည်သူတိုင်း သိ မှတ်နားလည်ထားသော စကားဖြစ်ကာ၊ နေရာအတော်များ များ၊ အထူးသဖြင့် ဘုရားကျောင်းပလ္လင်၊ တရားဟောစင်များ တွင် တွေ့ရတတ်ပါ၏။ God is Loveဟူသော စကားလုံးကို လှလှပပ ပန်းထိုးကာပြင်ဆင်ထားသော စားပွဲခင်း၊ တရား ပလ္လင် အဝတ်တို့ကို တွေ့ရပါ၏။ နံရံအမြင့်မှာဖြစ်စေ၊ အိမ် အဝင်ဝမှာဖြစ်စေ၊ ပန်းချီသရုပ်ဖော်ထားခြင်းမျိုးရှိသဖြင့် ထူး ဆန်းသော စကားလုံးမဟုတ်ပေ။ သို့သော် ဤနှုတ်ကပတ် တော်ကို သေချာစွာ ခံယူနှလုံးသွင်းခြင်း အမှုမှာတော့ အား နည်းလျက် ရှိကြပါသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏ဟု ဆိုသော်လည်း ဘုရားသခင်၏သားသမီးများ ကမူ ချစ်ခြင်းမေတ္တာကို သိမ်းပိုက်ခံယူရန် လိုအပ်ချက် ရှိနေပါ သေးသည်။

တစ်ခါက အရက်မူးသမားတစ်ယောက်သည် သင်း အုပ်ဆရာမူးဒီ (D.L Moody) ၏ ဘုရားရှိခိုးကျောင်းထဲသို့ လမ်းမှားဝင်လာမိကာ နောက်ဆုံး ခုံတန်းတွင် ငုတ်တုတ်ထိုင် နေမိပါသတဲ့။ မူးမူးဝေဝေနှင့် တရားပလ္လင်ကို ကြည့်နေရာ ဆရာတော်က အားပါးတရ ဒေသနာဝေငှနေပါသည်။ ဘုရား ရှိခိုးပြီး၍ လူအများပြန်သွားကြလျှင် ထိုအမူးသမားက မပြန်ဘဲ ထိုင်၍ ငိုနေမိပါ၏။ ဆရာတော်က သူ့ အနားသို့ လာထိုင်ပြီး လျှင် “မိတ်ဆွေ တရားဟောချက်ထဲက ဘယ်အကြောင်း အရာက မိတ်ဆွေရဲ့နှလုံးသားကို ထိခိုက်သွားတာလဲ၊ အခု မိတ်ဆွေရဲ့ စိတ်နှလုံးပြောင်းလဲသွားပြီလား”ဟုမေးလျှင် သူက တွေဝေစွာဖြင့် . .

“ကျွန်တော်တရားဟောတာကို မကြားပါဘူး၊ ဟို မှာ ခင်ဗျားရပ်နေတဲ့ အရှေ့ကစာလုံး God is Love ဆိုတာ လေ၊ အဲဒါ တကယ်ပဲလားလို့ တွေးနေတာ၊ ကျွန်တော် မယုံ နိုင်ဘူးဗျာ” “တကယ်ပေါ့ … မိတ်ဆွေရာ၊ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာ အမှန်ဖြစ်ပါတယ်”

“မှန်တယ်ပဲ ထားလိုက်ပါတော့ ဆရာတော် … ကျွန်တော့်လို အရက်သမားတွေတော့ အဲဒီမေတ္တာကို ခံစားခွင့် ရှိမယ် မထင်ပါဘူးနော်။ ဘုရားက သပ်သပ်၊ ကျွန်တော်တို့က သပ်သပ်ပဲ။ အခုတောင် ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိလို့နော်”

ဆရာတော်မူးဒီ အတော်ကလေး စိတ်ထိခိုက်ခဲ့ရပါ ၏။ ဘုရား၏မေတ္တာနယ်ပယ် အပြင်ဘက် ရောက်နေသူဟု ခံစားရသောသူများလည်း ရှိပါသည်။ အိန္ဒိယနိုင်ငံသို့သွားကာ သာသနာပြုခဲ့သော ထရူလာမှာလည်း ထိုအတွေ့အကြုံမျိုး ရှိပါသည်။ တစ်နေ့မှာ သူမ၏ အိမ်သို့အလည်လာသော အိန္ဒိယ ဇာတ်နိမ့်ကလေး ဒိုလန်နှင့် စကားပြောကြရာ မိုးချုပ်သွားပါ သည်။ ညအမှောင်မှာ အိမ်ပြန်ရန် ကြောက်လန့်နေခဲ့သော ဒိုလန်အား၊ ထရူလာက အားပေးပါသည်။

“မကြောက်နဲ့ ဒိုလန်၊ အိမ်အပြန်လမ်း မှောင်နေပေ မယ့် ဘုရားသခင် စောင့်ရှောက်လိမ့်မယ်။ ဘုရားသခင်က = သင့်ကို ချစ်တယ်။ God is Love”

ထိုအခါ ဒိုလိန်က ပြန်ပြောပါသည်။ ဦးခေါင်းကိုလည်း “မဖြစ်နိုင်ပါဘူး ဆရာမရယ် . . . . ၊ လူတွေတောင်မှ ခါရမ်း၍ …ကျွန်မတို့ ဇာတ်နိမ့်တွေကို မချစ်တာ၊ ဘုရားသခင်က ချစ်မယ်ဆိုတာ မယုံကြည်နိုင်ပါဘူး”

ဤလောကမှာ ဘုရားရှင် သင့်ကို ချစ်တယ်ဆိုတာ ကို မယုံကြည်သောသူ အများကြီးရှိပါတယ်။ ကဲ … မိတ်ဆွေ ကိုယ်တိုင်ကော ဘုရားရှင်က သင့်ကိုချစ်တာကို ယုံကြည်ပါ သလား၊ ဘုရားသခင်က ချစ်ခြင်းမေတ္တာ ဖြစ်ပါသတဲ့။ သမ္မာ ကျမ်းစာကပြောတာပါ။ ယေရှုငါ့ကို ချစ်ပေ၏။ ကျမ်းစာအား ဖြင့် သိရသည်ဟု ဓမ္မသီချင်းရှိပါ၏။ တကယ်ပဲ ယုံကြည်လက် ခံကာ ဘုရားမေတ္တာကိုသိမ်းပိုက်နိုင်ရန်ဖြစ်ပါ၏။

(၁) ဘုရားသခင်၏ မေတ္တာသည် အကြောင်းရင်းမရှိပါ။ (Uncaused)

ကျွန်တော်တို့ လူသားတွေက ချစ်ခြင်းမေတ္တာနှင့် မွေ့ လျော်ရန်အတွက် အကြောင်းအရင်း လိုအပ်ပါသည်။ ကောင်း သော လှုပ်ရှားမှု၊ စိတ်ဓါတ် သို့မဟုတ် ဆွဲဆောင်မှုများက အကြောင်းရင်း ဖြစ်တတ်ပါ၏။ Henri Nouwenက ရေးခဲ့သော ကဗျာလေးမှာ

“ကမ္ဘာကြီးက ပြောပါရဲ့။ မင်းကိုငါချစ်တယ် . တကယ်လို့များ ရုပ်ရည်ချောမောတယ်၊ ဉာဏ်ကောင်းမယ်၊ ချမ်းသာကြွယ်ဝမယ်ဆိုရင်ပေါ့။

မင်းကိုငါချစ်တယ် . . . တကယ်လို့များ ပညာတတ်မယ်၊ အလုပ်အကိုင်ကောင်းပြီး အဆက်အသွယ်လည်း ရှိမယ် ဆိုရင်ပေါ့။

မင်းကိုငါချစ်တယ် တကယ်လို့များ များများ ထုတ်လုပ်နိုင်သူ၊ များများရှာဖွေနိုင်ပြီး၊ များများ ဝယ်နိုင်ရင်ပေါ့။ ကမ္ဘာကြီးကပြောပါရဲ့ မင်းကိုငါချစ်တယ် . . . တကယ်လို့များ” တကယ်လို့များ (IF) သည် ကမ္ဘာလောကက သင့်ကိုချစ်ရန်အတွက် လိုအပ်သော အကြောင်းရင်းရှိပါ၏။ ကျွန် တော်တို့၏ အိမ်ထောင်ဖက်ချစ်သူကို ချစ်သောအခါမှာပင် လိုအပ်ချက် ကောင်းရှိပါလိမ့်မည်။ ဆံပင်ရှည်ကလေးကို ချစ် တာ၊ သဘောကောင်းတာကိုချစ်တာ၊ မျက်လုံးစွေတာကိုပဲ ချစ်တာ စသည်ဖြင့် ရှိကြပါသည်။ လူတွေ၏အချစ်မှာ အကြောင်းရင်းရှိသော်ငြားလည်း ဘုရားသခင်မှာတော့ မရှိပါ။

ဘုရားသခင်သည် ငါတို့ ကျင့်သောအကျင့်ကို ထောက်တော်မမူ၊ ရှေးကပ်ကာလမရောက်မှီ ယေရှုခရစ်အား ဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူး တော်နှင့်အညီ ငါတို့ကို ကယ်တင်၍ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။ (၂တိ ၁း၉)။

(၂) ဘုရားသခင်၏ မေတ္တာသည် အဆုံးမရှိပါ(Unending)

ဘုရားသခင်က ထာဝရဖြစ်ပါ၏။ ငါသည် အလဖဖြစ် ၏။ ဩမေဃလည်း ဖြစ်၏။ (ဗျာ ၁း၈)။ ထိုနည်းတူသူ၏ ချစ် ခြင်းမေတ္တာသည်လည်း ထာဝရဖြစ်ပါသည်။ အဆုံးမရှိပါ။ လူ တွေ၏ ချစ်ခြင်းမေတ္တာကတော့ အကန့်အသတ်ရှိပါသည်။ အဆုံးသတ်သောအချိန်ရှိပါသည်။ တစ်ခါတစ်ရံတွင် ယုံကြည် သူများ ဖြစ်ပါလျက်၊ ဇနီးမောင်နှံဖြစ်ပါလျက် ချစ်ခြင်းမေတ္တာ ကုန်ခန်းကာ အဆုံးသတ်သွားတာမျိုး ရှိပါသည်။

တစ်ခါက လူငယ်နှစ်ယောက်သည် ချစ်ကြိုက်၍ ခိုး ရာ လိုက်ပြေးပါသည်။ မိဘများကသဘောမတူ၍ လိုက်ဖမ်း ပြီး ခွဲထားလိုက်ပါသည်။ အလွန်ချစ်သော ချစ်သူနှစ်ယောက် တို့သည် အဆိပ်သောက်ကာ သေကြောင်းကြံကြပါသည်။ မိဘ များ မနိုင်တော့ပါ။ ဒီလောက်တောင်အချစ်ကြီးတာ ယူကြပါစေ တော့ဟု တွေးကာ လက်ထပ်ပေးပါသည်။ ကလေးနှစ်ယောက် ထွန်းကားပြီး အိမ်ထောင်သက် (၇)နှစ်မပြည့်ခင်မှာ လမ်းခွဲ လိုက်ကြပါသည်။ ဟင် … ဘယ်လိုဟာလဲ၊ နားမလည်နိုင်တော့ ပါလား။ မရရင် သေတော့မယ့်လူတွေ၊ ရတော့လည်း မကြာဘဲ လမ်းခွဲကြပြန်ပါလားဟု ပြောကြပေမယ့် သူတို့က ဂရုမစိုက်ပါ။ ။ ကံဆုံရင် စားပြီး ကံကုန်ရင် သွားတာပေါ့ဟု ပြောပါ၏။ ယခု အခါမှာ အိမ်ထောင်သစ်ကိုယ်စီနှင့် ဖြစ်နေကြကာ၊ သားကလေး နှစ်ယောက်သာ မျက်နှာငယ်လျက် ရှိပါသည်။ လူတွေ၏ အချစ် က အကန့်အသတ်ရှိသော်လည်း ဘုရားသခင်၏မေတ္တာကို နှိုင်း ၌ ယှဉ်ပြောပြသောကျမ်းစာက ဟောရှေအနာဂတ္တိကျမ်း ဖြစ်ပါ သည်။ ဇနီးသည် ဂေါမာကို အဆုံး မရှိသောမေတ္တာဖြင့် ချစ် နိုင်သော ခင်ပွန်းသည်၏ အကြောင်းကို ဖတ်၍ နားလည်ခံစား ရပါ၏။ ယေရမိအနာဂတ္တိကျမ်း ၃၁း၃ တွင်

“ထာဝရဘုရားသည် အဝေးကထင်ရှား၍ မိန့်တော်မူ သည်ကား အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကို ငါချစ် ဟု … ၏။ ထို့ကြောင့် ကရုဏာကျေးဇူးကိုသင်၌ ကြာမြင့်စွာပြ၏။” ဘုရားသခင်ပြသသော ကရုဏာတော်

ဘုရားသခင်ပြသသော ကျေးဇူးတော်ကို ခံစားရပါ သလား၊ ခံစားရမှာပါ။ တစ်ခါတလေမှမဟုတ်ဘဲ၊ ကြာမြင့်စွာ ပြခဲ့တာဟု ကျမ်းစာလာပါသည်။ ယနေ့ ကျွန်ုပ်တို့ ခံစားရသော း ကရုဏာတော်နှင့် ကျေးဇူးတော်သည် ဘုရားသခင်၏မေတ္တာ း သက်သေဖြစ်ပါ၏။ သူ့မေတ္တာတွင်အဆုံးမရှိပါ။

(၃) ဘုရားသခင်၏မေတ္တာသည် အကန့်အသတ်မရှိပါ (Unlimited)

ရှောလမုန်မင်းက ဘုရားသခင်ကိုချစ်ကြောင်း ဖော် ပြရန် ဗိမာန်တော်ကြီး တည်ဆောက်ခဲ့ပါသည်။ လွန်စွာမှ ခမ်း နား၍ ကြီးကျယ်ခံ့ညားပါသည်။ ဘုန်းတော်ထင်ရှားစေပါသည်။ ဘုရားရှင်၏ ကိန်းဝပ်ရာလည်း ဖြစ်စေချင်ခဲ့ပါ၏။ သို့ရာတွင် ၁ ဓမ္မရာဇဝင်ဒုတိယစာစောင် ၆း၁၀ တွင်“သို့ရာတွင် ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့ တွင် ဧကန်အမှန်ကိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏ အထွဋ် အမြင့်ဆုံးသောကောင်းကင် သည် ကိုယ်တော်ကို မဆံ့မခံနိုင်သည်ဖြစ်၍ အကျွန်ုပ်တည် ဆောက်သော ဤအိမ်ကို အဘယ်သို့ ဆိုဘွယ်ရာရှိပါသနည်း ဟုလာပါသည်။ သို့သော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမှာ မူ အကန့်အသတ်မရှိသော သဘောဖြစ်သည်ကို (၁၃၉)ခု မြောက်သော ဆာလံတွင် တွေ့ရပါသည်။

“ဝိညာဉ်တော်နှင့်လွတ်ခြင်းအလို့ငှာ အဘယ်အရပ် သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့်လွတ်ခြင်းအလို့ငှာ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။ ကောင်းကင်သို့တက် လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်း လျှင် ကိုယ်တော်ရှိတော်မူ၏။ နံနက်အတောင်တို့ကိုယူ၍ သမု ဒ္ဒရာ စွန်း၌နေလျှင်၊ ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကိုပို့ဆောင်လျက် လက်ျာလက်တော်သည် ကိုင်လျှက် ရှိပါလိမ့်မည်”

ငယ်စဉ်ကာလကျောင်းနေစမှာ ဆရာများက ကြီးလာ ရင် ဘာလုပ်မလဲဟု မေးတတ်ပါ၏။ ထိုမေးခွန်းကို ဖြေဖူးကြ မှာပါ။ ဖြူစင်သောကလေးမျာက အလိမ်အညာမပါ။ စိတ်ထဲ ရှိတာ အမှန်အတိုင်းဖြေကြပါသည်။ ကျွန်တော်ကတော့ ကြီး လာရင် ဗေဒင်ဆရာဖြစ်ချင်ခဲ့တာမို့ ဗေဒင်ဆရာဟုဖြေလျှင် ဆရာများက ရယ်ပါသည်။ အဘိုးက ဗေဒင်ဆရာဖြစ်၍ သက် တောင့်သက်သာ ငွေရတာမြင်ခဲ့၍ အားကျခဲ့တာကိုး။ နောင်ကျ တော့ ဆေးဆရာအဘိုးတစ်ယောက်နှင့် အတူနေရပြန်လျှင် ဗိန္ဓောဆရာဟု ဖြေပြန်သည်။ အသက်ငယ်စဉ်ကပင် ဖြစ်ချင်ခဲ့တာများပါ၏။ ဗေဒင်ဆရာ၊ ဗိန္ဒောဆေးဆရာ၊ မှော်ဆရာ၊ ပန်းစိုက်သမား၊ ဘုရားကျောင်းစောင့် စသည်ဖြင့် ဖြေခဲ့ရာ ဆရာများက သဘောမကျခဲ့ပါ။ ထူးဆန်းတာက ရည်ရွယ် အားကျခဲ့သမျှ တစ်ခုမှ မဖြစ်လာဘဲ စာရေးဆရာ ဖြစ်လာခဲ့ တာပါပဲ။ ကျွန်တော့်သူငယ်ချင်းများက သမ္မတ၊ ကျောင်းဆရာ၊ ဆရာဝန်ဟုဖြေကြပေမယ့် တကယ်ဖြစ်လာသူမရှိဘဲ၊ အခြား နေရာသို့ ရောက်ကုန်ပါသည်။ ကျမ်းစာ၌ ဒါဝိဒ်သည် သိုး ကျောင်းသားဘဝ၌ မွေ့လျော်ပျော်ပိုက်သူ၊ ဗျတ်စောင်းတီး၍ အေးအေးနေချင်ခဲ့သော်လည်း ဘုရင်မင်းဧကရာဇ် ဖြစ်လာ ပါသည်။ ဘုရားရှင်၏ အကြံအစည်သည် တကယ်တော့ ဒါဝိဒ် အပေါ်မှာဖြစ်စေ၊ ယောသပ်အပေါ်မှာဖြစ်စေ၊ ပေါလုအပေါ် မှာဖြစ်စေ၊ သင့်အပေါ်မှာဖြစ်စေ၊ ထူးဆန်းစွာ ရှိခဲ့ပါသည်။ သဲလုံးနှင့်အမျှ များပြားသော ဘုရား၏ အကြံအစည်သည် ကျွန်ုပ်တို့အတွက် ရှိခဲ့သည်။

မစုံလင်သေးသော အလုံးအထွေးကိုလည်း ကိုယ် တော်သည် ကြည့်ရှု၍ မြင်တော်မူပြီး ထိုအရာတို့ကို ပြုပြင်၍ တစ်စုံတစ်ခုမျှမရှိမှီကာလတွင် ကိုယ်တော်၏ စာရင်း၌ အကုန် အစင်မှတ်သားလျှက် ရှိကြပါ၏။ (ဆာ ၁၃၉း၁၆)။ ကျွန်ုပ်တို့ ကို ဖန်ဆင်းသော ဘုရားရှင်၏အကြံအစည်သည် တစ်ခုမျှသာ မဟုတ်။ များပြားလှပါသတဲ့။ ယနေ့မှာ မည်မျှပင် ရိုးစင်းသော ဘဝ၊ သာမန်လူတစ်ယောက်ပင်ဖြစ်သော်လည်း ကျွန်တော် ကျွန်မတို့အတွက် ထူးဆန်းသောဘုရား၏ အကြံအစည် ရှိနေ သေးတာကို သတိရဖို့ပါ။ ငါတော့ဖြင့် ဒီလောက်နဲ့ပဲ ပြီးသွား ပြီဟု မအောက်မေ့ပါနှင့်။ နှုတ်လေးသောသူ မောရှေသည်ပင် အချိန်သင့်သောအခါ ဣလလူမျိုးတို့သည် နောက်ဆုံးမှာ နို့ နှင့် ပျားရည်စီးသော ခါနန်ပြည်သို့ဝင်၍ ပိုင်ဆိုင်ခဲ့ရပါသည်။ ဘုရားသခင်၏အကြံအစည်က သာမညမဟုတ်ပါ မိတ်ဆွေ။ သူချစ်သောသားသမီးများကို အမြီးမဖြစ်စေဘဲ၊ ဦးခေါင်း ဖြစ် စေသူပါ။ ရေတွက်ခြင်းငှါ မတတ်သာသော အကြံအစည်တော် ၌ မျှော်လင့်၍ အသက်ရှင်လျက် ခွန်အားနှင့်ပြည့်မည်အ ကြောင်းပါ။

(၄) ဘုရားသခင်၏ မေတ္တာသည် အပြောင်းအလဲမရှိပါ။(Unchanging)

အပြောင်းအလဲများသော လောကကြီးထဲ မပြောင်းလဲနိုင်သောအရာက ဘုရား၏မေတ္တာပါပဲ။ လောက၏ အဘယ်နယ်ပယ်မှာမဆို အပြောင်းအလဲများက မကြာခဏ ဖြစ်လာ င ပါ၏။ မပြောင်းလဲဘဲနေလျှင်ပင် လူတွေက သဘောမကျ၊ ပြောင်းလဲချိန်တန်ပြီဟုလည်း ကြွေးကြော်တာမျိုး ရှိပါ၏။ လူ နှ များ၏ အချစ်ကလည်း ပြောင်းလဲတတ်တာ အခုတစ်မျိုး၊ ခဏနေတစ်မျိုးမျိုး ဖြစ်တတ်ပါသေးသည်။ ချစ်သူများပင်လျှင် အပြောင်းအလဲ လုပ်တာရှိပါ၏။ တစ်နေ့ကတွေ့တော့ တစ် ယောက်၊ နောက်တစ်နေ့မှာ တစ်ယောက် ပြောင်းလဲချစ်နိုင်တာ . မျိုးက လူသားတွေမှာ ရှိသော်လည်း ဘုရား၏မေတ္တာကတော့ ထိုကဲ့သို့ မဟုတ်ပါ။ “ငါသည် ထာဝရဘုရားဖြစ်၏။ ပြောင်း လဲခြင်းမရှိ” (မာလခိ ၃း၆)ဟု ကျမ်းစာလာပါသည်။

ဂျွန်ပီးပါ John Piper အမည်ရှိ ဓမ္မဆရာက ရေး သားခဲ့ပါ၏။ ကျွန်တော်တို့အနေနှင့် ရယ်စရာစကားတစ်ခုကို မကြာခဏ ပြောလေ့ရှိပါ၏။ ပျားရည်ဆမ်းကာလ ကုန်ဆုံး သွားပြီ။The honey moon is over အိမ်ထောင်မပြုခင်နှင့် ပျားရည်ဆမ်းကာလလည်းပြီးရော အခြေအနေက ပြောင်းလဲ တတ်တာမျိုးပါ။ ချစ်သူဘဝမှာ၊ လက်ထပ်ခါစမှာ ပျားရည်ဆမ်း ခရီးမှာ ရွှင်လန်း၍ ချမ်းမြေ့ကာ၊ ချစ်ခြင်းမေတ္တာက ကြွယ်ဝ သလောက် တဖြည်းဖြည်းနှင့် အချိန်တွေကြာလာလျှင် နှလုံး သားတွေက ဟောင်းကာ ချစ်ရတာလည်း ညောင်းညာသွား . ပါသတဲ့။ ခြားနားခြင်းရှိလာပါသည်။ အင်မတန်ရှားပါးသော စုံတွဲများကလွဲလို့ အများအားဖြင့် ပြောင်းလဲသော အတွဲတွေ ဖြစ်လာပါသည်။ သူတို့ နေသောတိုင်းပြည်မှာက ဇနီးမောင်နှံ ကွဲကွာတာ၊ အသစ်ကြိုက်တာ၊ အဖော်ပြောင်းတာက မဆန်း တော့အောင် ပေါများနေပါသတဲ့။ ထိုကဲ့သို့ လူတွေက ဖြစ်နေ သော်လည်း ဘုရားသခင်ကတော့ ထိုသို့ စိတ်သဘောမရှိပါ။ ဘုရားသခင်၌ ပျားရည်ဆမ်းကာလဘယ်တော့မှ မကုန်ဆုံးပါ။

With God, the honey moon never ends ရေးသားခဲ့ပါ၏။ ထိုမပြောင်းလဲသောမေတ္တာဖြင့် ဘုရားသခင် က ကျွန်ုပ်တို့ကို ချစ်နေပါသည်။ တစ်ခါက အမေရိကန်ပြည် သားတစ်ယောက်သည် အားလပ်ရက် (၂)ပတ်ရသဖြင့် ခရီးက ထွက်ခဲ့ပါသည်။ အိုင်ယာလန်ကျွန်း၌ နေထိုင်သော သူ့ဦးလေး ၂။ ၏ မွေးနေ့ပွဲသို့ ရောက်သွားသောအခါ ကျန်းမာလျက်ရှိသည့် ၃ နှစ် (၈၀)ပြည့်မွေးနေ့ရှင်ကို မြင်ရပါသတဲ့။ မွေးနေ့ပွဲကို ပျော် ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲပြီးနောက် ညနေချမ်းမှာတော့ တူဝရီး င် လမ်းလျှောက် ထွက်လာခဲ့ပါသည်။ နာမည်ကျော်ကင်လာနေး ပ် ရေအိုင်ကမ်းနား လျှောက်သွားကြစဉ် ကျနေရောင်မှိန်မှိန်က ာ သူတို့အပေါ်သို့ ကျဆင်းနေပါသည်။ လှပသောကမ်းခြေ၊ ရေ အိုင်နှင့် မှုန်ပျပျနေအလင်းကို မိနစ်(၂ဝ)မျှ ငေးကြည့်ရင်း း ဦးလေးက ပြုံးနေပါသတဲ့။ ထိုအခါ တူတော်မောင်က 。 。 。 … “ဦးလေးကို ကြည့်ရတာ အရမ်းပျော်ရွှင်နေတာပဲဒူး နော်”

“ဟုတ်တယ်ကွဲ့”

“ကျွန်တော့်ကို တစ်ခုခုများ ရင်ဖွင့်ချင်တာမရှိဘူး

လား ဦးလေး”

“ရှိတာပေါ့”

“ဒါဆိုရင် နားထောင်ပါရစေ” “အခု . . . ငါခံစားရတာကတော့၊ ငါ့အဖေက ငါ့ကိုအရမ်းချစ်တာကို ခံစားနေတာ။ ဘုရားသခင်ရဲ့မေတ္တာကို ခံစားရတယ်ကွယ်။ သိပ်ကောင်းတာပဲ …”

ဘုရားသခင်ကောင်းမြတ်သည်ကို ကျွန်တော်တို့ ပြော ကြ၊ ဝန်ခံကြပါသည်။ ဘုရားသခင်၏ မေတ္တာတော်ကောင်း နှံ. မြတ်သည်ကို ကျွန်တော်တို့ ပြောကြ၊ ဝန်ခံကြပါသည်။ ဘုရား သခင်၏ မေတ္တာတော် ကောင်းမြတ်ကြောင်း ဝန်ခံရန်၊ ပြော န ကြရန်လည်း လိုပါသည်။ သင်နှင့် ကျွန်ုပ်အပေါ်မှာ ကျရောက် သော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မနေ့၊ ယနေ့၊ ။ နောင်ကာလ မပြောင်းမလဲဘဲ ရှိနေသည်ကို သိမှတ်၍ မွေ့ လျော်ရန် ဖြစ်ပါသည်။ စင်စစ် သခင်၏မေတ္တာကိုသိမှသာ . သခင်ကိုသိမည်ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာနှင့် ကျွမ်းဝင် ထိ ၌ တွေ့ခြင်းမရှိလျှင် ဘုရားသခင်အား သိနိုင်မည်မဟုတ်ကြောင်း ဗုံး နှိုးဆော်ရပါ၏။