ကျွန်တော်ငယ်စဉ်က နေထိုင်ခဲ့သော ရွာတွင် ကျွန် တော် အဘိုးလေး (အဖေ၏ဦးလေး) တစ်ယောက်ရှိသည်။ အ သူငယ်စဉ်က စာကောင်းစွာ မသင်ခဲ့ရပေ။ နာရီအချိန် စသည် တို့ကို ပြပေးမည့်သူ မရှိသောကြောင့်လား၊ သူက မလေ့လာ သောကြောင့်လား၊ နာရီမကြည့်တတ်ပါ။ သူလယ်ထွန်သွားလျှင် ကို နေကိုသာ မော့ကြည့်ပြီး ဒါထွန်ဖြုတ်ချိန်၊ ဒါကောက်စိုက်ချိန်၊ စ ဒါကတော့ မွန်းတည့်ပြီး ထမင်းပြန်တက် စားရမယ်ဟု မှတ် သားကာ “နေ”နာရီဖြင့် သူ လှုပ်ရှားအသက်ရှင်သည်။ သူ့ အတွက် အခက်တွေ့ချိန်ကတော့ မိုးမှောင်ကျသည့်နေ့တွင်တော့ နေကိုမော့ကြည့် အချိန်သိရန် ခက်ပေသည်ပေါ့။

လွန်ခဲ့သည့်နှစ်များက ကျွန်တော် ဝယ်ယူခဲ့သော သ Casio နာရီလေးတစ်လုံး ရှိခဲ့သည်။ အလွန်အချိန်မှန်သည်။ ရ စက်ကောင်းသည်။ ဓာတ်ခဲလည်း ၂နှစ်မှ တစ်ခါလဲရသည်။ အ ခရီးသွားရန်၊ သို့မဟုတ် ချိန်းထားတာတစ်ခုခုအတွက် မည် သိ သည့်အခါမျှ အချိန်နောက်မကျပါ။ မည်သည့်အချိန်ကြည့်ကြည့် နာရီလေးက တိကျမှန်ကန်သောအချိန်ကို ပြမြဲဖြစ်ပါသည်။ သ ဤကဲ့သို့ တာဝန်ကျေစွာ ထမ်းဆောင်နေသော နာရီလေးအား . အ ကျွန်ုပ်ပစ္စလက္ခထားသော်လည်း အလွန်တရာ ကျွန်ုပ်အတွက် အချိန်နှင့်ပတ်သက်ပြီး သစ္စာရှိစွာ ထမ်းဆောင်ခဲ့ပါသည်။

၂ဝ၁၃ ခုနှစ်၊ ဩဂုတ်လတွင် ကျွန်တော်မဲပေါက် သ သဖြင့် ၁၅ဝဝ တန် ဖုန်းကဒ်လေးရကာ ဟန်းစက်ကလေး ဇူး ဝယ်လိုက်ပါသည်။ ဟန်းဆက်က နာရီ၊ ရာသီဥတုအပူချိန်တွေ..

Memory ကဒ်ကြောင့် အချက်အလက် တော်တော်များများ ။ အသုံးပြုနိုင်ပါသည်။ အချိန်ကို သိနိုင်သည့်အပြင် ကျွန်တော် ဘယ်သွားသွား နာရီမပတ်ဖြစ်တော့ဘဲ ထိုဟန်းဖုန်းလေးကိုသာ > ကိုင်ဖြစ်တော့သည်။ ဤသို့ဖြင့် ခြောက်လခန့်ကြာ၊ နာရီလေး ကို သတိရလာပြီး ထားသည့်နေရာ သွားပြန်ကြည့်ရာ ဟန်း ၊ စက်မှ ပြသည့် အချိန်ကလေးအတိုင်း ဖြစ်နေပါသည်။

ဪ … မင်းကိုငါမေ့ထားပေမယ့် မင်းကတော့ . မင်းလုပ်ရမယ့် တာဝန်ကို ကျေပွန်နေတုန်းပါလားဟု တွေးမိပါသည်။ ထိုနာရီလေးကို ကိုင်ကြည့်၊ ပွတ်ကြည့်ပြီး “အချိန်”ဆိုသည့် စကားလုံးကို ဆက်စပ်တွေးရင်း ဘုရား ၁ သခင်က ကျွန်ုတို့အတွက် တူညီသည့် ၂၄ နာရီဆိုသည့် တစ် ။ ရက်တာ အချိန် ပေးထားပါသည်။ ထိုအချိန်ကို အကျိုးရှိရှိ ။ အသုံးချရမည်၊ အကျိုးရှိသည့်အလုပ်ကို လုပ်ရမည်။ “အချိန်” သိရှိရန် နာရီသာကြည့်ကြည့်၊ ဟန်းစက်ပဲဖွင့်ဖွင့်၊ နေကိုပဲ မော့ကြည့်ကြည့် အရေးကြီးသည်က အချိန်များထဲတွင် မည် ။သည့် ဘဝမှတ်တမ်းမျာ ကျွန်တော်တို့ ရေးခဲ့ပြီးပြီနည်း။ ဘာ အလုပ်တွေဖြစ်ခဲ့ပြီလဲ၊ အလုပ်မဖြစ်ခဲ့ပေါင်းရော ဘယ်လောက် များပြီလဲ၊ ပြန်ဆန်းစစ်ရန် လိုပါသည်။ ကျွန်တော့် နာရီလေး ကတော့ တာဝန်ကျေပါသည်။ ထို့ကြောင့် ဖန်ဆင်းရှင်ဘုရား 5. သခင်က ကျွန်တော်တို့ကို ပေးခဲ့သည့်အချိန်များအတွက် ကျေး းဇူးတင်ရင်း အချိန်ကို တန်ဖိုးရှိရှိ အသုံးပြုရန် သတိရလာမိ ၌ သည်။ ကျေးဇူးတင်ပါတယ် နာရီလေးရေ။