ဘဝ၏ခရီးလမ်းမှာ အားငယ်ရတဲ့အခါ ဒါမှမဟုတ် ကိုယ့်ရဲ့ယုံကြည်ခြင်း အားနည်းနေပြီလို့ ခံစားရတဲ့အခါ ဆင်ခြင်တွေးတောဖို့ ခွန်အားဖြစ်စေမည့် အချက်တိုလေးများ ကို စုစည်းပေးလိုက်ပါတယ်။
၁။ ကျောက်ဆောင်ကို ဖက်တွယ်ခြင်း
ကျွန်ုပ်တို့သည် ပင်လယ်ထဲတွင် နစ်မြုပ်လုနီးပါးဖြစ်နေသော သူတစ်ယောက်နှင့် တူပါသည်။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် “ကျောက်ဆောင်ကို ကျွန်ုပ်တို့ မည်မျှအားဖြင့် ဖက်တွယ်ထားနိုင်သလဲ” ဆိုသည့်အပေါ်တွင် မတည်ပါ။ ကျွန်ုပ်တို့ ဖက်တွယ်ထားသည့် “ကျောက်ဆောင်ကြီးက မည်မျှခိုင်မာသလဲ” ဆိုသည့်အပေါ်တွင်သာ မူတည်ပါသည်။ ကျွန်ုပ်တို့၏လက်များ ပြေလျော့သွားသည့်တိုင် ခရစ်တော်တည်းဟူသော ကျောက်ဆောင်သည် ရွေ့လျားခြင်းမရှိပါ။
၂။ ကလေးငယ်နှင့် ဖခင်
ကလေးငယ်တစ်ယောက်သည် လူအုပ်ကြီးထဲတွင် ဖခင်၏လက်ကို အားကိုးတကြီး ဆုပ်ကိုင်ထားတတ်သည်။ ကလေး၏ လက်သေးသေးလေးမှာ အားမရှိသဖြင့် တစ်စုံတစ်ခုကြောင့် လက်လွတ်သွားနိုင်သော်လည်း၊ ဖခင်၏ လက်ကြီးက ကလေး၏လက်ကို ပြန်လည်ဆုပ်ကိုင်ထားသရွေ့ ထိုကလေးသည် ဘယ်တော့မှ ပျောက်ဆုံးသွားမည်မဟုတ်ပါ။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည်လည်း ထိုသို့ပင် ဖြစ်ပါသည်။
၃။ ကိုယ့်အစွမ်းမဟုတ်၊ ကိုယ်တော့်ဂရုဏာ
“ကျွန်ုပ်သည် ခရစ်တော်ကို လက်ခံသောကြောင့် ကယ်တင်ခြင်းရသည်” ဟု ပြောမည့်အစား “ခရစ်တော်သည် ကျွန်ုပ်ကို လက်ခံသောကြောင့် ကျွန်ုပ် ကယ်တင်ခြင်းရသည်” ဟု ဆင်ခြင်ကြည့်ပါ။ ပထမအချက်က ကျွန်ုပ်တို့၏ “လုပ်ဆောင်ချက်” ကို အသားပေးပြီး၊ ဒုတိယအချက်က ခရစ်တော်၏ “မေတ္တာ” ကို အသားပေးပါသည်။ ကျွန်ုပ်တို့၏ လုံခြုံမှုသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း အတက်အကျပေါ်တွင် မူတည်နေခြင်းမဟုတ်ဘဲ ကိုယ်တော်၏ ဂရုဏာတော်ပေါ်တွင်သာ တည်ပါသည်။
၄။ အစပြုသူနှင့် အဆုံးသတ်သူ
အကယ်၍ ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏ ကြိုးစားမှုဖြင့် စတင်ခဲ့လျှင်၊ ကျွန်ုပ်တို့၏ ကြိုးစားမှုဖြင့်ပင် ထိန်းသိမ်းရမည်ဖြစ်ပြီး တစ်နေ့တွင် ရှုံးနိမ့်သွားနိုင်ပါသည်။ သို့သော် ကယ်တင်ခြင်းကို ခရစ်တော်က စတင်ခဲ့ခြင်းဖြစ်သောကြောင့် ကိုယ်တော်တိုင်ပင် အဆုံးတိုင်အောင် တာဝန်ယူ ဆုပ်ကိုင်ထားမည် ဖြစ်ပါသည်။
“သင်က ကိုယ်တော့်ကို လက်လွှတ်လိုက်ချင်သည့်တိုင်၊ ကိုယ်တော်က သင့်ကို ဘယ်တော့မှ လက်လွှတ်မည်မဟုတ်ပါ။”
Short Christian Stories
ရွှေရောင်အခွင့်အရေးနဲ့ ဖြောင့်မတ်ခြင်း
ကိုမင်း ဟာ ကုမ္ပဏီတစ်ခုမှာ ပစ္စည်းဝယ်ယူရေးဌာန (Purchasing) ရဲ့ တာဝန်ခံတစ်ယောက်ပါ။ သူလုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်မှာတော့ “Commission” လို့ ခေါ်တဲ့ လာဘ်ငွေယူတာဟာ ထုံးစံလို ဖြစ်နေပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက “ဒါဟာ ခိုးတာမဟုတ်ဘူး၊ လောကထုံးစံအတိုင်း ပေးတာကို ယူတာပဲ၊ လူတိုင်းလုပ်နေကြတာပဲ” လို့ ပြောလေ့ရှိကြပါတယ်။ တစ်နေ့မှာ ကုမ္ပဏီအတွက် အင်မတန်ကြီးမားတဲ့ ပစ္စည်းတင်ဒါတစ်ခု ခေါ်ယူဖို့ ဖြစ်လာပါတယ်။ ပစ္စည်းသွင်းမယ့် ကုမ္ပဏီပိုင်ရှင် တစ်ယောက်က ကိုမင်းဆီကို Read more…