အချစ်သင်္ကေတ ။ ချစ်လှမောင် ။

အချစ်သင်္ကေတ ။ ချစ်လှမောင် ။ အကြည့်ချင်းဆုံ ရင်ခုန်လှုပ်ရှား၊ မျက်လုံးချင်းစကား နှလုံးသားမှာ ငြိတွယ် ဪ … ဆယ်ကျော်သက်များ ဖြစ်ပြီမို့။ ဆယ်စုတစ်စု၊ ဖြစ်တည်မှု၌ ယုယုယယလှလှပပ သင်္ဂါရများစွာဖြင့် ငါဖြတ်သန်းခဲ့ရသည်။ အချစ်ကို သက်သေပြဖို့ လောကကတိ၊ သတ္တိရှိရှိ ဘုရား၏ရှေ့၊ လူတို့ရှေ့မှာ သစ္စာပြုဖေါ်ကျူး “Yes I do” အိမ်သူသက်ထား၊ နှလုံးသားပိုင်ရှင်၏ မကြည်လင်သော မျက်စောင်းလေးများ မပီပြင်သော ဟန်ပန်လေးများ သံစဉ်မညီသော နှုတ်စကားလေးများ အမှားအမှန် ဝေခွဲ ခိုင်မြဲသော သစ္စာကြောင့် ဆယ်စုနှစ်တွေ အလီလီ၊ ရွှေ့သွားပြီဖြစ်သော်လည်း အချစ်၏ သင်္ကေတ၊ ချော့ကလက်အရသာ ရင်ထဲမှာ .. ကမ္ဘာမြေတည်သ၍ .. …