သူပြောခဲ့တယ်

ပီမွန်သော် မြို့ရွာအနှံ့ လှည့်လည်သွားလာပြီး တရားစရပ်တွေမှာ သွန်သင်တယ် နိုင်ငံတော် သတင်းကောင်းပြောတယ် ရောဂါဝေဒနာအမျိုးမျိုးကို ကုသပေးတယ် လူတစ်မျိုးနဲ့တစ်မျိုး တစ်နိုင်ငံနဲ့တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မယ် အစာခေါင်းပါးတာ ငလျင်လှုပ်တာတွေ တစ်နေရာပြီး တစ်နေရာ ဖြစ်လိမ့်မယ် ပြီးမှ အဆုံးရောက်လာလိမ့်မယ်။ ငလျင်လာတယ် စစ်ပွဲတွေ လာတယ် ဝူဟန်ဗိုင်းရပ်စ်လာတယ် ပြီးမှ အဆုံးရောက်လာလိမ့်မယ်။ လူတွေ ငြိမ်သက်အေးချမ်းစွာ နေထိုင်ရလိမ့်မယ်။

ခရစ်ယာန်ကျင့်ဝတ်
နှင့်
လူငယ်

(အီတ) ခရစ်ယာန်ဆိုသည်မှာ ဘုရားသခင်၏သား သမီးများဖြစ်၍ ခရစ်တော်၏နောက်လိုက်များဖြစ်ကြ သည်။ (ယော ၁း၁၂)တွင် “ထိုသူကိုလက်ခံသမျှ သော သူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သော သူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကိုပေး တော်မူ၏” ဟူ၍ဖော်ပြချက်အရ ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်။ မြန်မာအဘိဓာန်၌ “ကျင့်”ဟူသည် “ထပ်တ လဲလဲပြုမူသည်’ ဟူ၍လည်းကောင်း၊ ‘လိုက်နာစောင့် ထိန်းအပ်သောဝတ္တရား’ ဟူ၍အနက်ရောက်သည်။ ထို့ကြောင့် ခရစ်ယာန်ကျင့်ဝတ်ဆိုသည်မှာ ဘုရား သခင်၏ သားသမီးများ လိုက်နာစောင့်ထိန်းအပ် သောဝတ္တရားဖြစ်သည်။ ‘Etis’ ဆိုသော ဂရိဝေါဟာရ “Thos” ဆင်းသက်လာသည်ဟုအဓိပ္ပါယ်ရသည်။ Moral .ity’ ဆိုသည်မှာ လက်တင်ဝေါဟာရ Moralls’ မှဆင်းသက်လာ၍ အဓိပ္ပါယ်မှာ `Customs’ ဓလေ့ – ထုံးစံများ (သို့မဟုတ်) Marners အပြုအမူများ … … ဟုအဓိပ္ပါယ်ရသည်။ ခရစ်ယာန်ကျင့်ဝတ်သည် ခရစ်ယာန်ဘာသာဝင်တို့အတွက် အထူးလိုအပ်သောအရာဖြစ် ခဲ့သည်။ တောင်ပေါ်ဒေသနာတွင် ဖော်ပြထားသော ၂။ မင်္ဂလာတရားတော်အပါအဝင် ပညတ်တရားများသည်ကယ်တင်ခြင်းရရန်မဟုတ်ပေ။ ကယ်တင်ခြင်း ရပြီးသူများ ကောင်းကင်နိုင်ငံခံစားရင်းဝင်ပြီး သူများ အတွက် ကျင့်ကြံပြုမူရန်ဖြစ်သည်။ ထို့ကြောင့်ခရစ် ယာန်ဘာသာဝင်တို့ ကျင့်ကြရမည့် ကျင့်ဝတ်များ ဖြစ်သည်။ Read more…

ဘာသာတရားကိုင်းရှိုင်းခြင်း၊ ကျန်းမာရေး အ ကျိုးကျေးဇူး (ဒေါက်တာသန်းသန်းမှန် )

လူသားများအတွက် ကျန်းမာရေးသည် အဓိကအကျ ဆုံးနှင့် အရေးကြီးဆုံး ဖြစ်ပါသည်။ ထို့ကြောင့် (အာရောဂျုံ၊ ပရံမံလာဘံ) ကျန်းမာခြင်းသည် လာဘ်တစ်ပါးဟု ဆိုကြပါသည်။ လူကျန်းမာမှစိတ်ချမ်းသာပြီး လိုရာဆန္ဒပြည့်စုံအောင် ဆောင် ရွက်နိုင်မည်ဖြစ်သည်။ ကမ္ဘာ့အသင်းတော်များကောင်စီ (W.C.C) ၏ ခရစ်ယာန်ဆေးကော်မရှင်မှ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ “ကျန်းမာ ခြင်းဆိုသည်မှာ ရောဂါဘယကင်းရှင်းခြင်းနှင့် မသန်စွမ်းမှု မရှိ ခြင်းသာမက လူတစ်ဦးချင်းနှင့် လူ့ဘောင်အဖွဲ့အစည်းတို့တွင် ရှင်သန်လှုပ်ရှားသော သာယာသုခများဖြစ်သည့် ကာယ၊ စိတ္တ၊ လူမှုရေးဘဝ၊ ဝိဉာဏ၊ စီးပွားရေးဘဝ၊ ပညာရေးနှင့် ယဉ်ကျေးမှု ဘဝနှင့် နိုင်ငံသာယာ အေးချမ်းရေးတို့ ဖြစ်ပါသည်။ ထို့အပြင် မိမိကိုယ်၌ပင် (ကိုယ်၊ စိတ်၊ နှလုံး) ညီညွတ်ခြင်း၊ အခြားသူများ နှင့် ညီညွတ်ခြင်း၊ မိမိပတ်ဝန်းကျင်နှင့် ညီညွတ်ခြင်း အထူးသဖြင့် ဖန်ဆင်းရှင်ဘုရားသခင်နှင့် ညီညွတ်ခြင်းတို့ပင် ဖြစ်ရပါမည်။ ထိုမှသာ ဥဿုံကျန်းမာရေး (Wholistic Health) ဟု ခေါ်နိုင် မည် ဖြစ်ပါသည်။ (ထွက် ၁၅း၂၆) တွင် ဘုရားကတိတော်မှာ “သင်တို့ သည် သင်တို့၏ ဘုရားသခင်ထာဝရဘုရား၏စကားကို စေ့စေ့ ၂ Read more…

ခရစ်တော်ကို အပ်နှံခဲ့သော ပိလတ်မင်း

သောမတ်(စ်) Limbu (ပြင်ဦးလွင်နေပါလီနှစ်ခြင်းအသင်းတော် ခရစ်တော်ကို ရန်သူလက်သို့ အပ်နှံသော သူတို့တွင် ပိလတ်မင်းကြီးသည်လည်း တစ်ဦး အပါအဝင် ဖြစ်သည်။ အကယ်စင်စစ် ပိလတ်မင်းကြီးသည် ခရစ်တော်အား အပြစ် ဒဏ်ချရန်ပင် မလိုလားခဲ့ပေ။ သမ္မာကျမ်းစာ၌ ဖေါ်ပြပါရှိသော ပိလတ်မင်း၏ ပြောဆိုချက်များကို ကြည့်ခြင်းအားဖြင့် သူသည် ခရစ်တော်၏ ဖြောင့်မတ်ခြင်းသို့ အသိအမှတ်ပြုသောသူဖြစ် သည်သာမက သူသည် ခရစ်တော်အား စစ်ဆေးမြေးမြန်းသော အခါ ခရစ်တော်သည် အပြစ်ဒဏ်စီရင်ရလောက်သော ပြစ်မှု ကျူးလွန်မှု တစ်စုံတစ်ခုမှ မရှိခြင်းကြောင့်သော်လည်းကောင်း၊ သူ့ ဇနီးသည်၏ အိပ်မက်၌ ခရစ်တော်သည် ဖြောင့်မတ်သော သူဖြစ်ပြီး သူ့အား ဘာမျှ မလုပ်မည့်အကြောင်း ဖော်ပြခံရခြင်း ကြောင့်သော်လည်းကောင်း၊ ခရစ်တော်အား အပြစ်ဒဏ်ချရန် မလိုလားခဲ့ခြင်း ဖြစ်နိုင်ပေသည်။ သို့သော် နောက်ဆုံး၌ သူသည် ခရစ်တော်ကို တိုင်တင်သတ်ရန် စီရင်ချက်ချခြင်းသည် အဘယ်ကြောင့်နည်း။ ထိုသို့ လုပ်ဆောင်ရန် ပိလတ်မင်းကြီးအား မည်သည့်အရာများ က တွန်းအားဖြစ်စေခဲ့သနည်း။ သူသည် အပြစ်မရှိသော ခရစ် တော်ဘက်၌ မရပ်တည်ဘဲ ခရစ်တော်အား ကားတိုင်တင်သတ် ရန် လူထုကြီး၏ မတရားတောင်းဆိုသောအရာကို Read more…

အချိန်
အယ်လွီ

ကျွန်တော်ငယ်စဉ်က နေထိုင်ခဲ့သော ရွာတွင် ကျွန် တော် အဘိုးလေး (အဖေ၏ဦးလေး) တစ်ယောက်ရှိသည်။ အ သူငယ်စဉ်က စာကောင်းစွာ မသင်ခဲ့ရပေ။ နာရီအချိန် စသည် တို့ကို ပြပေးမည့်သူ မရှိသောကြောင့်လား၊ သူက မလေ့လာ သောကြောင့်လား၊ နာရီမကြည့်တတ်ပါ။ သူလယ်ထွန်သွားလျှင် ကို နေကိုသာ မော့ကြည့်ပြီး ဒါထွန်ဖြုတ်ချိန်၊ ဒါကောက်စိုက်ချိန်၊ စ ဒါကတော့ မွန်းတည့်ပြီး ထမင်းပြန်တက် စားရမယ်ဟု မှတ် သားကာ “နေ”နာရီဖြင့် သူ လှုပ်ရှားအသက်ရှင်သည်။ သူ့ အတွက် အခက်တွေ့ချိန်ကတော့ မိုးမှောင်ကျသည့်နေ့တွင်တော့ နေကိုမော့ကြည့် အချိန်သိရန် ခက်ပေသည်ပေါ့။ လွန်ခဲ့သည့်နှစ်များက ကျွန်တော် ဝယ်ယူခဲ့သော သ Casio နာရီလေးတစ်လုံး ရှိခဲ့သည်။ အလွန်အချိန်မှန်သည်။ ရ စက်ကောင်းသည်။ ဓာတ်ခဲလည်း ၂နှစ်မှ တစ်ခါလဲရသည်။ အ ခရီးသွားရန်၊ သို့မဟုတ် ချိန်းထားတာတစ်ခုခုအတွက် မည် သိ သည့်အခါမျှ အချိန်နောက်မကျပါ။ မည်သည့်အချိန်ကြည့်ကြည့် နာရီလေးက တိကျမှန်ကန်သောအချိန်ကို ပြမြဲဖြစ်ပါသည်။ သ ဤကဲ့သို့ တာဝန်ကျေစွာ ထမ်းဆောင်နေသော နာရီလေးအား . Read more…

သိုးထိန်း (မန်း)
မီးပွိုင့်

ကျွန်တော် ကားမောင်းတတ်ပါတယ်။ ကိုယ်ပိုင်ကား လည်း ရှိတယ်။ ဒါပေမယ့် ခုချိန်မှာ ကားမမောင်းရဲတော့ဘူး။ ယာဉ်စည်းကမ်း နားမလည်လို့ပါ။ ကားလည်း တဖြည်းဖြည်း ပေါများလာပြီး မီးပွိုင့်မှာဆို တန်းစီနေရတယ်။ ကျွန်တော်က ကိုယ့်နည်းကိုယ့်ဟန်နှင့် ကားမောင်းတဲ့သူတွေလည်း အဲဒီ ထဲမှာပါမှာပေါ့နော်။ သူငယ်ချင်း ဆရာဝန်တစ်ယောက်က “ငါဆေးရုံ၊ ဆေးခန်းကို အချိန်မှန်မှန် ရောက်ချင်ပါတယ်။ မရဘူးဗျာ၊ မီးပွိုင့်မှာ အကြာကြီးရပ်နေရတယ်။ မြန်မြန်မောင်း လို့လည်း မရဘူးလေ။ ဒီကြားထဲမှာ ကားကို မောင်းရုံတင် မောင်းတတ်ပြီး ယာဉ်စည်းကမ်းနားမလည်တဲ့သူတွေက နောက် ကနေ တကျီကျီနှင့် ဟွန်းတီးကြသေးတယ်။ စိတ်ရှည်မှနော် စိတ်ရှည်မှဖြစ်တာ။ ဒါ့ကြောင့် တိုက်ကြ၊ ခိုက်ကြ၊ လျော် ကြေး ဆောင်ကြရတယ်။ မလွယ်ဘူးနော်”လို့ ပြောဖူးတယ်။ အပြစ်သဘောလိုကြီးပဲ မြင်ရင်တော့ မှန်ပါတယ်။ … ကျွန်တော်ကတော့ ဒီလို မမြင်ဘူး။ မီးပွိုင့်ကို ကျေး ဇူးတင်တယ်။ မီးပွိုင့်ဟာ ကျွန်တော်တို့အတွက် လုံခြုံရေး၊ လမ်းကြောင်းပြသူ ဖြစ်တယ်။ မီးပွိုင့်ရှိတာတောင် ယာဉ်တိုက် မှုက တစ်ပုံကြီး။ တိုက်ကြ။ ခိုက်ကြ၊ ဆေးရုံတက်ကြ၊ သေကြ တယ် Read more…