မျှော်လင့်ခြင်းအတွက်ကျမ်းစကားများ


ဆာလံကျမ်း ၁၃၀း၅-၇

ထာ​ဝ​ရ​ဘု​ရား​ကို ငါ​စောင့်​လျက်​နေ၏။ ငါ့​ဝိ​ညာဉ်​သည် စောင့်​လျက်​နေ၏။ နှုတ်​က​ပတ်​တော်​ကို ငါ​မျှော်​လင့်၏။
နံ​နက်​ကို​မျှော်​လင့်​သော သူ​တို့​ထက်​မ​က၊ ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​ရှင်​ကို​မျှော်​လင့်​လျက်​နေ၏။
ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၌​က​ရု​ဏာ​ရှိ၏။ များ​စွာ​သော ရွေး​နုတ်​ခြင်း​ကျေး​ဇူး​ရှိ၏။

ရှင်လုကာခရစ်ဝင် ၂း၂၉-၃၂

ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သည် ငြိမ်​ဝပ်​စွာ စု​တေ့​ရ​သော​အ​ခွင့်​ကို ကိုယ်​တော်​သည် ယ​ခု​တွင်​ပေး​တော်​မူ၏။-
ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ချီး​မြှောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှောက်၌ ပြင်​ဆင်​တော်​မူ​သော အ​လင်း​တည်း​ဟူ​သော ကယ်​တင်​သော​သ​ခင်​ကို အ​ကျွန်ုပ်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​ပါ၏​ဟု မြွက်​ဆို၏။

ယေရမိအနာဂတ္တိကျမ်း ၂၉း၁၁-၁၃
တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ ကြံ​စည်​သော​အ​ကြံ​မ​ဟုတ်​ဘဲ၊ သင်​တို့​သည် မျှော်​လင့်​သော​အ​ကျိုး​ကို​ရ​မည်​အ​ကြောင်း၊ ငြိမ်​ဝပ်​စေ​ခြင်း​ငှာ​သာ၊ သင်​တို့​အ​ဖို့ ကြံ​စည်​သော အ​ကြံ​တို့​ကို ငါ​သိ၏။
တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် ငါ့​ကို​ခေါ်၍ သွား​လာ​ကြ​လိမ့်​မည်။ ဆု​တောင်း​သော​အ​ခါ သင်​တို့​စ​ကား​ကို ငါ​နား​ထောင်​မည်။
ငါ့​ကို​ရှာ​သော​အ​ခါ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နှင့် ရှာ​လျှင် တွေ့​ကြ​လိမ့်​မည်။

ရောမဩဝါဒစာ ၅း၅
ထို​မျှော်​လင့်​ခြင်း​သည် ရှက်​ကြောက်​စ​ရာ အ​ကြောင်း​နှင့် ကင်း​လွတ်၏။ အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​အား ပေး​တော်​မူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏​မေ​တ္တာ​တော်​ကို ငါ​တို့​စိတ်​နှ​လုံး​ထဲ​သို့ ညွှန်း​လောင်း​တော်​မူ၏။-

ဖိလိပ္ပိဩဝါဒစာ ၁း၆
သင်​တို့​တွင် ကောင်း​သော​အ​မှု​ကို ပြု​စ​ပြု​တော်​မူ​သော​သူ​သည်၊ ယေ​ရှု​ခ​ရစ်၏ နေ့​ရက်​တိုင်​အောင် ပြီး​စီး​လျက် ပြု​တော်​မူ​မည်​ဟု ငါ​သ​ဘော​ကျ၏။-

ရောမဩဝါဒစာ ၁၅း၁၃
သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ တန်​ခိုး​အား​ဖြင့် မျှော်​လင့်​ခြင်း​ပါ​ရ​မီ​နှင့် ကြွယ်​ဝ​စေ​ခြင်း​ငှာ၊ ယုံ​ကြည်​သော​စိတ်​ရှိ၍ ဝမ်း​မြောက်​သက်​သာ​ခြင်း​အ​မျိုး​မျိုး​တို့​နှင့် ပြည့်​စုံ​မည်​အ​ကြောင်း၊ မျှော်​လ​င့်​ခြင်း၏​အ​ရှင်၊ ဘု​ရား​သ​ခင်​သည် ကယ်​မ​သ​နား​တော်​မူ​ပါ​စေ​သော။