ကျရှုံးခြင်းအတွက်သမ္မာကျမ်းစကား

ရှင်လုကာခရစ်ဝင်   22
61. ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊-
62. ပြင်​သို့​ထွက်၍ ပြင်း​စွာ​ငို​ကြွေး​လေ၏။

ဆာလံကျမ်း    73
26. အ​ကျွန်ုပ်၏​အ​သား​နှင့် နှ​လုံး​သည်​ပျက်​ကြ​ပါ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​နှ​လုံး၏ အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​အ​စဉ်​အ​မြဲ ခံ​စား​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။

ဆာလံကျမ်း   91
1. အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။
2. ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ၊ ငါ၏​ရဲ​တိုက်၊ ငါ​ကိုး​စား​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု ငါ​ပြော​ဆို၏။
3. အ​ကယ်​စင်​စစ် မု​ဆိုး၏​ကျော့​ကွင်း​နှင့်​လည်း​ကောင်း၊ သေ​တတ်​သော အ​နာ​နှင့်​လည်း​ကောင်း၊ သင့်​ကို ကင်း​လွတ်​စေ​တော်​မူ​မည်။
4. အ​တောင်​တော်​အ​မွေး​နှင့် ဖုံး​အုပ်​တော်​မူ၍၊ အ​တောင်​တော်​အောက်၌ သင်​သည်​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။ သ​စ္စာ​တော်​သည် သင်၏​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။

ဆာလံကျမ်း   51
1. အို​ဘု​ရား​သ​ခင်၊ ကျေး​ဇူး​ပြု​ချင်​သော စေ​တ​နာ​စိတ်​တော်​ရှိ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​ကို​သ​နား​တော်​မူ​ပါ။ စုံ​မက်​တော်​မူ​ခြင်း က​ရု​ဏာ​များ​ပြား​သည်​နှင့်​အ​ညီ၊ အ​ကျွန်ုပ်​လွန်​ကျူး​ခြင်း​အ​ပြစ်​ကို ဖြေ​တော်​မူ​ပါ။
10. အို​ဘု​ရား​သ​ခင်၊ အ​ကျွန်ုပ်​အ​ထဲ၌ စင်​ကြယ်​သော​နှ​လုံး​ကို ဖန်​ဆင်း​တော်​မူ​ပါ။ မြဲ​မြံ​တည်​ကြည်​သော သ​ဘော​ကို အ​သစ်​ပြု​ပြင်​တော်​မူ​ပါ။
11. အ​ကျွန်ုပ်​ကို အ​ထံ​တော်​ထဲ​က နှင်​ထုတ်​တော်​မ​မူ​ပါ​နှင့်။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။
12. ကယ်​တင်​တော်​မူ​ခြင်း​နှင့်​ယှဉ်​သော ဝမ်း​မြောက်​ခြင်း​အ​ခွင့်​ကို ပြန်၍​ပေး​သ​နား​တော်​မူ​ပါ။ ကြည်​ညို​သော စေ​တ​နာ​စိတ်​သ​ဘော​သည် အ​ကျွန်ုပ်​ကို​ထောက်​မ​ပါ​စေ​သော။

ယေရမိမြည်တမ်းစကား 3
22. ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တော်​မူ၍ က​ရု​ဏာ​တော်​သည် မ​ကုန်​သော​ကြောင့် ငါ​တို့​သည် ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​ဘဲ​နေ​ကြ၏။
23. နံ​နက်​တိုင်း က​ရု​ဏာ​တော်​အ​သစ်​ကို ခံ​ရ​ကြ၏။ သ​စ္စာ​တော်​သည် ကြီး​မြတ်​ပါ၏။