August အတွေး

  ဖြစ်မယ်၊ ပျက်မယ် လွယ်လွယ်လေးပေါ့ ကမ္ဘာမြေ တည်ဆောက်၊ ဖြိုဖျက် နှုတ်ကပတ်စကားတော် နှလုံးသားက အဖြေပေါ်တော့ sorry ပါ သခင် . . . ။ လိုချင်တာတစ်ခု၊ရခဲ့တာက တစ်ခု ကိုဗစ် (Covid) က ကျော်ကြား ကျွန်ုပ် ယုံမှားခဲ့တာလား သခင် ကျောက်နှလုံးသားတွေ၊ အသားနှလုံးမဖြစ် ယုံမှားခြင်း ကင်းတဲ့အခါ Covidက ကပ်ဘေးအသစ်တဲ့ လက်ခံဆွေးနွေးကာကွယ်နေကြတဲ့ ကမ္ဘာ ခပ်ခွာခွာ နေခဲ့ရတော့ နှုတ်ကပတ်တော်နဲ့ဝေး တကယ်ဆို ပိုပြီး နီးစေဖို့အချိန် Home Stay မှာ ထိတ်လန့် တိတ်တိတ်လေး တံခါးပိတ်ပြီး နေခဲ့ရတယ်လေ။ သူသူ၊ ငါငါ၊ အသစ်ပြင်ဆင်ခြင်းတရားမှာ Read more

Two rings

    လက်စွပ်ကလေး နှစ်ကွင်း ~အမှတ်လက္ခဏာ သစ္စာဆိုသော စကား၊ အက္ခရာများဖြင့် နှလုံးသားပေါ်တွင်၊ ကမ္ဗည်းတင်လေသော် ဧဒင်ထဲက၊ ရင်ခုန်ဖွယ်ညပေါ့ အချစ်ရယ်။ ~ကြိုက်မရှက် ငိုက်မရှက် အသက်တမျှ တစ်ဘဝ၊ အချစ်က ခိုင်မြဲ ကြိုင်လှိုင်ပျံ့သင်း၊ ယုံကြည်ခြင်းအမွေ ထမ်းပိုးစေသော ~ကြိုက်၍ပဲ ချစ်သည် ချစ်၍ပဲ ကြိုက်သည်၊ တူညီသော နှောင်ကြိုး တန်ဖိုးနဲ့ အမြတ်တနိုး ထမ်းပိုးညီစေသော ~ဆင်းရဲနဲ့ ချမ်းသာ ရောဂါနဲ့ ကျန်းမာ ဇရာနဲ့ ရူပါ သင်္ခါရနဲ့ အလှတရား ဘိုးဘေးများ၏ ပုံဝတ္ထု ယုံကြည်ခြင်းအမွေခိုင်လုံနေသမျှ ကြိုက်လေသမျှ၊ ထာဝရသို့ ချစ်လေသမျှ၊ ထာဝရသို့ အမှတ်တရလေးများ ဖြစ်ပါစေ။     Read more