DEACON – သင်းထောက်လူကြီး

DEACON – သင်းထောက်လူကြီး ကနဦးယေရုရှလင်မြို့ အသင်းတော်တွင် ခရစ်ယာန် များသည် မိမိတို့၌ရှိသော စားသောက်ဖွယ်ရာများနှင့် အခြား ပစ္စည်းများအား အသင်းတော်တွင်းရှိလူအားလုံးအတွက် လုံ လောက်စွာ ဝေမျှသုံးစွဲခဲ့ကြသည်။ အစပထမ၌ တမန်တော်တို့ သည် နေ့စဉ်လုပ်ဆောင်ရမည့်ကိစ္စများကို စီမံခန့်ခွဲခဲ့ကြသော် လည်း အသင်းတော်တွင် လူဦးရေတိုးပွားလာသောအခါ၊ အစီ အစဉ်သစ်များလိုအပ်လာသည်။ တမန်တော်တို့သည် သင်ကြား ခြင်းနှင့် ဆုတောင်းခြင်းတို့အတွက် အချိန်ပိုမိုရရှိစေရန် အသင်းတော်၌ တမန်တော်တို့ ရွေးချယ်ခန့်အပ်သောလူခုနစ် ဦးအား ထိုအလုပ်ကို ဆက်လက်လုပ်ဆောင်စေသည်။ ထိုသူ တို့အား ဟေလသဘာသာစကားအရ “diakonos” အစေခံသူ သို့မဟုတ် ပြုလုပ်သူဟုခေါ်သည်။ သင်းထောက်လူကြီးဟု အဓိပ္ပါယ်ပြန်ဆိုနိုင်ပေသည် (တ၊၆း၁-၆။ ရော၊၁၂၊၇။ ၂ကော၊၁၁၊၈၊ ဧ၊၆၊ ၂၁။ Read more…

JOTHAM – ယောသံ အမည်ရှိသောမင်းများ

JOTHAM – ယောသံ ဂိဒေါင်၏သား ယောသံအကြောင်း တရားသူကြီး မှတ်စာ၌ မှတ်တမ်းပြုထားသည်။ ဂိဒေါင်အနိစ္စရောက်ပြီး နောက် မိမိ၏ ညီအစ်ကိုများအား သားဖြစ်သူ အဘိမလက်က သတ်ပစ်ပြီး အသုံးမကျသော ရှေခင်မြို့သားများ၏ အကူအညီ ဖြင့် မိမိကိုယ်မိမိ မင်းမြှောက်သည်။ ထိုသတ်ဖြတ်ခြင်းမှ တစ်ဦး တည်းသော လွတ်မြောက်သူ ဂိဒေါင်၏ သားယောသံက ရှေခင် မြို့ သားတို့အား မိမိတို့အပေါ် ဒုက္ခရောက်စေခဲ့သည့်အကြောင်း သတိပေးသည့်အနေဖြင့် ဥပမာတစ်ခုပြောဆိုခဲ့သည် (တရား၉း၁ ၂၁)။ များမကြာမီ သူကြိုတင်ပြောခဲ့သည့်အတိုင်း အဘိမလက်နှင့် ထောက်ခံသူတို ့အပေါ် အမှန်ပင်ကျရောက်ပြီး ရည်မှန်းချက် – ကြီးမားမှုကြောင့် အဘိမလက်သေဆုံးခဲ့ရပြီး၊ ထောက်ခံသူ အပေါင်းတို့လည်း ပျက်စီးကြရသည် (တရား၊၉း၅၇)။ Read more…

JOSIAH – ယောရှိမင်း

  JOSIAH – ယောရှိမင်း JOSIAH – ယောရှိမင်း ဆိုးညစ်သောဘုရင်မနာရှေမင်းလက်အောက်၌ ငါးဆယ့်ငါးနှစ်၊ ဆိုးညစ်သောသား အာမုန်လက်အောက်တွင် နှစ်နှစ်ကြာမျှ ကျရောက်ခဲ့ပြီးနောက်၊ ယုဒပြည်၏ ဝိညာဉ်ရေး အခြေအနေ အဆိုးရွားဆုံးအဆင့်သို့ကျရောက်ခဲ့သည်။ မိမိ၏ဖခင်အား အာမုန်လုပ်ကြံခြင်းခံရပြီးနောက် ယောရှိ မင်းဖြစ်လာသည် (၆၄၀ဘီစီ)။ သို့သော် အသက်ရှစ်နှစ် သာရှိသေးသောကြောင့် အစိုးရအရာရှိများ၏ ညွှန်ကြားမှု အောက်တွင် နှစ်အတန်ကြာနေခဲ့ရသည် (၆ရာ၊၃၃း၂၅၊ ၃၄း၁)။ အသက်တစ်ဆယ့်ခြောက်နှစ်တွင် စစ်မှန်သည့်တစ်ဆူတည်း ယုံကြည်လာပြီး အသက်နှစ်ဆယ်တွင် သော ဘုရားသခင်အား နှစ်ပေါင်းများစွာ တည်မြဲခဲ့သည့် ဘာသာရေးပြုပြင်မှုများ စတင်ခဲ့သည် (၆ရာ၊၃၄၊၂-၅)။ ဘာသာရေးဆိုင်ရာကိစ္စများ  ယောရှိမင်းအား ပြုပြင်ပြောင်းလဲမှုများ စတင်ပြ လုပ်ရန် ပရောဖက်ဇေဖနိ၏ ဟောပြောချက်များက ဩဇာ Read more…

လူငယ်သွေး = မင်းမာန်ဟုန် (ကျောင်းကုန်း)

* ပေါက်ပွင့်နီနီဟာ နွေအပူကိုအံတုလို့ .. ဆက်ရက်ငှက်ငယ်တို့လည်း လေရူးကိုမမှုဘဲ ပျံဝဲတေးဆို လက်ပံပင် ဆက်ရက်ကျသလိုတဲ့ … ။ * တို့လူငယ်များ သခင်ဘုရားအတွက်မနေမနား ကျောင်းအားတဲ့ရက် သခင့်အတွက်ပေးဆပ်လို့ တွဲလက်တွေညီ ပေါက်ပန်းနီနီနဲ့ ငှက်ကျေးဆက်ရက်တို့လိုပ နွေကိုအလှဆင် မြင်ရသူ ရင်ကိုအေးမြခြင်း လူငယ်သွေးချင်းတို့ရဲ့ ရှင်သန်ခြင်းယဇ်ပလ္လင်ထက် မြော်လင့်ခြင်းလက်တို့ဆင့်ကမ်းနေ။