Biblical for Hope

မျှော်လင့်ခြင်းအတွက်ကျမ်းစကားများ ဆာလံကျမ်း ၁၃၀း၅-၇ ထာ​ဝ​ရ​ဘု​ရား​ကို ငါ​စောင့်​လျက်​နေ၏။ ငါ့​ဝိ​ညာဉ်​သည် စောင့်​လျက်​နေ၏။ နှုတ်​က​ပတ်​တော်​ကို ငါ​မျှော်​လင့်၏။ နံ​နက်​ကို​မျှော်​လင့်​သော သူ​တို့​ထက်​မ​က၊ ငါ့​ဝိ​ညာဉ်​သည် ဘု​ရား​ရှင်​ကို​မျှော်​လင့်​လျက်​နေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၌​က​ရု​ဏာ​ရှိ၏။ များ​စွာ​သော ရွေး​နုတ်​ခြင်း​ကျေး​ဇူး​ရှိ၏။ ရှင်လုကာခရစ်ဝင် ၂း၂၉-၃၂ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်၊ အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ဗျာ​ဒိတ်​တော်​အ​တိုင်း ကိုယ်​တော်၏​ကျွန်​သည် ငြိမ်​ဝပ်​စွာ စု​တေ့​ရ​သော​အ​ခွင့်​ကို ကိုယ်​တော်​သည် ယ​ခု​တွင်​ပေး​တော်​မူ၏။- ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို ချီး​မြှောက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို လင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ လူ​အ​မျိုး​မျိုး​တို့​ရှေ့​မှောက်၌ ပြင်​ဆင်​တော်​မူ​သော အ​လင်း​တည်း​ဟူ​သော ကယ်​တင်​သော​သ​ခင်​ကို အ​ကျွန်ုပ်​သည် ကိုယ်​မျက်​စိ​နှင့် မြင်​ရ​ပါ၏​ဟု မြွက်​ဆို၏။ ယေရမိအနာဂတ္တိကျမ်း ၂၉း၁၁-၁၃ တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​ကို အ​ကျိုး​နည်း​စေ​ခြင်း​ငှာ Read more…

Confessions of a young man

လူငယ်တစ်ယောက်၏ဖွင့်ဟဝန်ခံချက် ဂါယု–ရေဆင်း နှုတ်ဖျားက သခင် သခင်နဲ့ ကျွန်ုပ် တကြော်ကြော် ခေါ်နေလိုက်တာ တတယ်တမ်းတော့ အပေါ်ယံနှုတ်ဖျားက ထွက်လာတဲ့စကား သိပ် မြတ်နိုးတာပဲ သခင်ရယ် နှစ်ဦးခြင်းသစ္စာပြုထားပေမဲ့ တကယ်တမ်းဒုက္ခတွေ့တော့ ရွှေရည်စိမ်ထားတဲ့ စာချုပ်အတုသာ သခင့်အတွက်ကျန်ခဲ့ရတယ်. . သခင်ကိုလေ သိပ်ချစ်တာပဲလို့ ထပ်ခါထပ်ခါ ပြောနေလဲပဲ သံသယအရိပ် သံသယကြောက်စိတ်နဲ့  သိပ်ချစ်ပါတယ်ဆိုတဲ့ ပေတရုလေ နောက်ဆုံးတော့ သခင့်ရဲ့မျက်ဝန်းထဲမှာ မျက်ရည်ဝဲခဲ့ရတယ် ဒါကိုသခင် သိပေမဲ့ အပြစ်မယူရက်ဘူး အပေါ်ယံစကား အပေါ်ယံနှုတ်ဖျားက အပေါ်ယံမေတ္တာမျိုးနဲ့  သခင် သခင် ခေါ်တိုင်း နိုင်ငံတော်မဝင်ရဘူး ဆိုတဲ့ သခင့်စကားအတွတ် နှုတ်ဖျားက သခင် ဦးနှောက်ထဲကသခင် နှလုံးသားအရှင် အဖြစ်နဲ့အသိအမှတ်ပြုပါရစေ သခင်

Two rings

    လက်စွပ်ကလေး နှစ်ကွင်း ~အမှတ်လက္ခဏာ သစ္စာဆိုသော စကား၊ အက္ခရာများဖြင့် နှလုံးသားပေါ်တွင်၊ ကမ္ဗည်းတင်လေသော် ဧဒင်ထဲက၊ ရင်ခုန်ဖွယ်ညပေါ့ အချစ်ရယ်။ ~ကြိုက်မရှက် ငိုက်မရှက် အသက်တမျှ တစ်ဘဝ၊ အချစ်က ခိုင်မြဲ ကြိုင်လှိုင်ပျံ့သင်း၊ ယုံကြည်ခြင်းအမွေ ထမ်းပိုးစေသော ~ကြိုက်၍ပဲ ချစ်သည် ချစ်၍ပဲ ကြိုက်သည်၊ တူညီသော နှောင်ကြိုး တန်ဖိုးနဲ့ အမြတ်တနိုး ထမ်းပိုးညီစေသော ~ဆင်းရဲနဲ့ ချမ်းသာ ရောဂါနဲ့ ကျန်းမာ ဇရာနဲ့ ရူပါ သင်္ခါရနဲ့ အလှတရား ဘိုးဘေးများ၏ ပုံဝတ္ထု ယုံကြည်ခြင်းအမွေခိုင်လုံနေသမျှ ကြိုက်လေသမျှ၊ ထာဝရသို့ ချစ်လေသမျှ၊ ထာဝရသို့ အမှတ်တရလေးများ ဖြစ်ပါစေ။     Read more…

Biblical words for failure

ကျရှုံးခြင်းအတွက်သမ္မာကျမ်းစကား ရှင်လုကာခရစ်ဝင်   22 61. ထို​အ​ခါ သ​ခင်​ဘု​ရား​သည်​လှည့်၍ ပေ​တ​ရု​ကို ကြည့်​တော်​မူ၏။ ကြက်​မ​တွန်​မီ သင်​သည် သုံး​ကြိမ်​မြောက်​အောင် ငါ့​ကို ငြင်း​ပယ်​လိမ့်​မည်​ဟု မိန့်​တော်​မူ​သော​စ​ကား​ကို ပေ​တ​ရု​သည် သ​တိ​ရ​သ​ဖြင့်၊- 62. ပြင်​သို့​ထွက်၍ ပြင်း​စွာ​ငို​ကြွေး​လေ၏။ ဆာလံကျမ်း    73 26. အ​ကျွန်ုပ်၏​အ​သား​နှင့် နှ​လုံး​သည်​ပျက်​ကြ​ပါ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​နှ​လုံး၏ အ​စွမ်း​သ​တ္တိ၊ အ​ကျွန်ုပ်​အ​စဉ်​အ​မြဲ ခံ​စား​ရာ​အ​ဖို့ ဖြစ်​တော်​မူ၏။ ဆာလံကျမ်း   91 1. အ​မြင့်​ဆုံး​သော​ဘု​ရား၏ ကွယ်​ကာ​ရာ​ဌာ​န​တော်၌ နေ​သော​သူ​သည် အ​န​န္တ​တန်​ခိုး​ရှင်၏ အ​ရိပ်​ကို​ခို​ရ​လိမ့်​မည်။ 2. ထာ​ဝ​ရ​ဘု​ရား​သည် ငါ​ခို​လှုံ​ရာ၊ ငါ၏​ရဲ​တိုက်၊ ငါ​ကိုး​စား​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သည်​ဟု ငါ​ပြော​ဆို၏။ 3. အ​ကယ်​စင်​စစ် မု​ဆိုး၏​ကျော့​ကွင်း​နှင့်​လည်း​ကောင်း၊ သေ​တတ်​သော အ​နာ​နှင့်​လည်း​ကောင်း၊ သင့်​ကို ကင်း​လွတ်​စေ​တော်​မူ​မည်။ Read more…